Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

    နိုဝင်ဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ  နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၉၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၄၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀-၁၀၆၀၀၀) ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်း လျှင် (၈၇၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၅၀၀၀-၁၀၆၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၁၀၄၀၀၀)ကျပ် ရှိနေကြောင်းသိရသည်။

      ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀-၆၀၀၀) ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၅၅၀၀) ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၄၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ အနည်းငယ်မြင့်တက်နေနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာ(နယ်- ၂၄၇၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၂၅ ) ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၇၅၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News