Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:
နိုဝင်ဘာလ  စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော  ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုး၊ Cp ပြောင်းဖူးစေ့၊ ပုဂံပဲ ဈေးငြိမ်၍ ပဲကြီး ဈေးမြင့်တက်နေပြီး၊ မတ်ပဲ၊ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲတီစိမ်းကြီး၊ ကုလားပဲ ထိုင်ဝမ် ၊ ပဲနီလုံးကြား၊ ကုဖြူလုံးကြီ ၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၄၂၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၄၂၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၂၅၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၆၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၈၇၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၃၅၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၄၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၇၀၀၀)ကျပ်၊ မတ်ပဲ (၉၀၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၄၈၀၀၀-၄၅၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၃၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀)ကျပ်၊ ကုလားဖြူ လုံးကြီး (၈၆၅၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၈၈၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၄၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၅၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်း (၅၀၀၀) ကျပ်  မြင့်တက်နေပြီး၊ မတ်ပဲ တစ်တင်း (၅၀၀) ကျပ်၊ ဂျုံဖြူသန့် တစ်တင်း (၂၀၀၀) ကျပ်၊ပဲတီစိမ်းကြီး တစ်တင်း (၃၀၀၀)  ကျပ်း၊  ပဲနီလုံးကြား တစ်တင်း (၅၀၀) ကျပ်၊ ကုဖြူလုံးကြီ တစ်တင်း (၅၀၀) ကျပ်၊ ကုဖြူလုံးသေး တစ်တင်း (၁၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်း (၅၀၀)ကျပ် ၊ ကုလားပဲ ထိုင်ဝမ် (၅၀၀) ကျပ်  အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။
Category: Local News