Local News

မုံရွာမြို့၏ ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက်

Last Updated:

ဇန်နဝါရီလ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုဆောင် သီးနှံဖြစ်သော ကြက်သွန်နီများအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ နေ့စဉ် ပိဿာချိန် ၅၀၀၀ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများမှ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း ကြက်သွန် ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက် ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်း သိရပါသည်။

ယခုတစ်ပတ်အတွင်း မုံရွာကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာသော ကြက်သွန်နီအသစ် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၂၈၀၀ ကျပ်မှ ၂၉၀၀ ကျပ်ထိ၊ (လတ်) ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်၊ (သေး) ၂၃၀၀ ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၃၀၀၀ ကျပ်မှ ၃၁၀၀ ကျပ်ထိ၊ (လတ်) ၂၇၀၀ ကျပ်မှ ၂၈၅၀ ကျပ်၊ (သေး) ၂၅၀၀ ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်နီ အလုံးအရွယ်အစားနှင့် အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက် ဈေးနှုန်းမှာ ဗမာဖြူ ၆၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်ထိ၊ ရှမ်းဖြူ ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ထိစသည်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာ ကြက်သွန်နီပွဲရုံများမှသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

 

 

Category: Local News