ဇန်နဝါရီလ တတိယအပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက နှမ်းနက်၊ နှမ်းဖြူ၊ မြေပဲ လုံးဆံဖြူ၊ မြေပဲဆီဆံဖြူဈေးနှုန်းများ မြင့်တက်နေကြောင်းသိရပါသည်။ ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံများ ဈေးငြိမ်နေပြီး နှမ်းဖြူဈေးနှုန်းများ မြင့်တက်နေကြောင်းသိရပါသည်။
ယခုအပတ်အတွင်း နှမ်းနက် တစ်တင်း ၂၀၀၀၀၀ကျပ်မှ၂၄၅၀၀၀ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၀၀၀၀၀ကျပ်မှ၁၁၅၀၀၀ကျပ်ထိရှိပြီး ယခင်အပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၂၀၀၀၀၀ကျပ်မှ၂၄၅၀၀၀ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၉၀၀၀၀ကျပ်မှ ၁၀၆၀၀၀ကျပ်ထိရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်း ၉၀၀၀ကျပ်ခန့် မြင့်တက် လာကြောင်းသိရပါသည်။ ယခင်လ ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၁၉၀၀၀၀ ကျပ်မှ၂၃၅၀၀၀ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၈၅၀၀၀ကျပ်မှ ၉၄၀၀၀ကျပ်ထိရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၁၀၀၀၀ ကျပ်၊ နှမ်းဖြူ တစ်တင်း ၂၁၀၀၀ကျပ်ခန့် မြင့်တက်လာကြောင်းသိရသည်။
ယခုအပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၈၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၅၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၉၃၀၀ကျပ်ထိရှိပြီး ယခင်အပတ် ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၈၀၀ကျပ်၊ မြေပဲလုံး ဆံနီ တစ်ပိဿာ ၉၅၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၉၂၀၀ ကျပ်ရှိ၍ ကာလတူအချိန်နှင့် နှိုင်းယှဉ် ပါက မြေပဲလုံးဆံဈေးနှုန်းများ ဈေးငြိမ်နေကြောင်းသိရသည်။ ယခင်လကာလတူအချိန်ပေါက်ဈေး နှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၀၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၅၀၀-၈၆၀၀ ကျပ်ရှိပြီး ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၀၀ကျပ်ခန့်၊မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၀၀ ကျပ်ခန့်မြင့်တက်လာကြောင်းသိရပါသည်။
ဇန်နဝါရီလ တတိယအပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၅၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၂၅၀၀-၁၃၀၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၄၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၄၇၅၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၇၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦစီးမှူးရုံး