Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လ စတုတ္ထပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပွဲရုံသို့ ကြက်သွန်နီများ ပိဿာချိန် (၁၂၀၀၀)ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်းအဆွဲများ၊ ရန်ကုန်-မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှာက် တင်ပို့လျက်ရှိကြောင်းသိရသည်။

  ယခုတစ်ပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ (၁)ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၂၆၅၀-၂၈၀၀)ကျပ်၊ (လတ်) (၂၅၀၀-၂၃၅၀) ကျပ်၊ (သေး) (၁၂၀၀-၁၈၀၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုဒ် အစိုခြောက် အရောင်းအသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၃၀၀၀-၂၈၅၀)ကျပ်၊ (လတ်) (၂၇၀၀-၂၅၅၀)ကျပ်၊ (သေး) (၂၄၀၀-၂၁၀၀)ကျပ် ရှိပါသည်။ ကြက်သွန်ဖြူ လက်ကားဈေးမှာ(ဗမာ)(၉၂၀၀-၁၀၀၀၀)ကျပ်၊ (ရှမ်းစ) (၈၀၅၀-၈၃၀၀)ကျပ်၊ ကြူကုတ် (၈၀၀၀-၈၂၀၀) ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ)(၁၀၀၀၀-၁၂၅၀၀)ကျပ်၊ (ရှမ်းစ) (၈၅၅၀-၉၀၀၀)ကျပ်၊ ကြူကုတ် (၈၃၀၀-၈၇၀၀) ကျပ်ဖြင့် ပစ္စည်းအရည် အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားလျှက်ရှိကာ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

Category: Local News