Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ မတ်ပဲ၊ ပဲလွန်းပြာ ဈေးငြိမ်၍  ပဲကြီး၊ပဲတီစိမ်းသေး၊ ကုလားပဲ 929၊ကုလားပဲဖြူ လုံးကြီး၊ ကုလားပဲဖြူလုံးသေး ဈေးနှုန်းများကျဆင်းနေပြီး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းကြီး၊ ပြောင်းနီ၊CP ပြောင်းဖူးစေ့ ၊ ပဲလွန်းဖြူးဈေးနှုန်းများ ဈေးမြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀) ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ) (၁၀၀၀၀၀)ကျပ်၊ မတ်ပဲ (၉၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၅၀၀၀-၆၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၂၀၀၀- ၅၄၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၁၅၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး(သ) (၆၅၀၀၀)ကျပ်၊ ပဲနီလုံးကြား(သ) (၇၁၀၀၀) ကျပ်၊CP ပြောင်းဖူးစေ့ (၂၀၅၀၀)ကျပ်၊ ပြောင်းနီး (၂၆၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၉၈၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၈၀၀၀)ကျပ်၊ ကုလားပဲ 929 (၉၃၀၀၀)ကျပ်၊  ပဲလွန်းဖြူ (၇၀၀၀၀)ကျပ်၊ ပဲလွန်းပြာ (၆၉၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး(သ) (၁၂၆၀၀၀)ကျပ်၊ မတ်ပဲ (၉၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀-၆၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၅၄၀၀၀- ၅၅၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၉၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀- ၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၆၀၀၀)ကျပ်၊CP ပြောင်းဖူးစေ့ (၁၉၅၀၀)ကျပ်၊ ပြောင်းနီး (၂၅၅၀၀) ကျပ်၊ ကုလားဖြူ လုံးကြီး (၁၀၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၁၀၂၀၀၀) ကျပ်၊ ကုလားပဲ 929 (၉၆၀၀၀)ကျပ်၊  ပဲလွန်းပြာ (၆၉၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၅၅၀၀၀-၆၈၀၀၀) ကျပ် ပေါက်ဈေးရှိ၍ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၂၆၀၀၀)ကျပ် ၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင် (၄၀၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်းလျှင်း (၄၀၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀)ကျပ်နှုန်းကျဆင်းနေပြီး ပဲတီစိမ်းကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ် ၊ပဲစဉ်းငုံ တစ်တင်း (၆၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၁၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၅၀၀)ကျပ်၊ပဲလွန်းဖြူ တစ်တင်း (၂၀၀၀)ကျပ်နှုန်း  မြင့်တက်နေကြောင်းသိရသည်။

Category: Local News