Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

   အောက်တိုဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ပုဂံပဲ ဈေးငြိမ်၍ ပဲတီစိမ်းသေ၊ ပဲကြီး၊ မတ်ပဲ၊ Cp ပြောင်းဖူးစေ့၊ ပဲနီလုံးကြား၊ ကုဖြူလုံးကြီ၊ ကုလားပဲ ထိုင်ဝမ်၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများ ဈေးအနည်းငယ်မြင့်တက်နေပြီး၊ ပဲတီစိမ်းကြီး၊ ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲနီလုံးရိုးရိုး ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၆၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၆၀၀၀)ကျပ်၊ ပဲကြီး (၁၂၀၀၀၀)ကျပ်၊ မတ်ပဲ (၈၇၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၃၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀-၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀-၅၄၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ ပဲပုပ်စေ့ (၇၈၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၁၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၃၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၈၈၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၉၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၆၅၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၆၅၀၀)ကျပ်၊ ပဲကြီး (၁၁၇၀၀၀)ကျပ်၊ မတ်ပဲ (၈၆၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀-၅၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၅၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၄၅၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ ပဲပုပ်စေ့ (၇၇၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၅၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၁၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၈၅၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၈၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်း (၃၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်း (၁၅၀၀) ကျပ်၊ ပဲတီစိမ်းသေး တစ်တင်း (၁၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်း (၅၀၀) ကျပ်၊ ပဲပုပ်စေ့ တစ်တင်း (၁၀၀၀)ကျပ်း၊ CP ပြောင်းဖူးစေ့ တစ်တင်း (၅၀၀)ကျပ်၊  ကုဖြူလုံးကြီး တစ်တင်း (၁၀၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်း (၁၅၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်း (၃၀၀)ကျပ်နှင့် ကုလားပဲ ထိုင်ဝမ် တစ်တင်း (၁၀၀၀) ကျပ်မြင့်တက်နေပြီး၊ ဂျုံဖြူသန့် တစ်တင်း (၅၀၀) ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်း (၁၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း (၁၀၀၀) ကျပ် အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

Category: Local News