စက်တင်ဘာလ စတုတ္ထအပတ်တွင်း မုံရွာမြို့၊ ကန်သာယာဈေး၌ ရောင်းဝယ်နေသော အသား/ငါး ဈေးနှုန်းများမှာ အမဲသား တစ်ပိဿာ ၃၄၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ကျပ်၊ ဆိတ်သား တစ်ပိဿာ ၄၄၀၀၀ကျပ်၊ ကြက်သား CP (အကောင်လုံး) တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၂၇၅၀၀ကျပ်၊ ငါးကြင်းနီ တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ဟင်းငန်ငါး တစ်ပိဿာ ၂၅၀၀၀ကျပ်၊ တီလားဗီးယား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ငါးမုတ် တစ်ပိဿာ ၁၈၀၀၀ကျပ်၊ ငါးမြင်း တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ငါးဖယ်အသားခြစ် တစ်ပိဿာ ၃၈၀၀၀ကျပ်၊ ပုဇွန် တစ်ပိဿာ ၄၅၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခင်လဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကြက်သား CP တစ်ပိဿာ ၂၀၀၀ကျပ်၊ ဟိုက်ကြက် တစ်ပိဿာ ၅၀၀ကျပ်၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် ၂၀၀၀ကျပ်ခန့်မြင့်တက်လာပြီး ဆိတ်သား၊ အမဲသား၊ ဝက်သား၊ စသည့်ဈေးနှုန်းတို့မှာ ဈေးငြိမ်၍ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြင်း၊ ငါးဖယ်ခြစ်၊ ဟင်းငန်စသည့် ငါးအမျိုးမျိုးတို့သည် ယခင်လဈေးနှုန်းများအတိုင်း ဈေးငြိမ်ကာ အရောင်းအဝယ်ဖြစ် နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး