Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများ ဖြစ်သော ဂျုံဖြူသန့်၊ မတ်ပဲ၊ ပြောင်းနီ ဈေးငြိမ်၍ ဂျုံထွက်တိုး၊ ပဲကြီး၊ 929 ဈေးနှုန်းများမြှင့်တက်နေပြီး ပဲနီလုံးကြား၊ထောပတ်ပဲ၊  ကုဖြူလုံးသေး၊ ထိုင်ဝမ်၊ ပဲစဉ်းငုံ နှင့်ပဲတီစိမ်းကြီးဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ယခု အပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၂၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၀၀၀၀ကျပ်၊  ပဲကြီး ၉၁၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၆၃၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၁၂၇၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၄၀၀၀ ကျပ်၊ ထောပတ်ပဲ ၉၀၀၀၀ ကျပ်၊ ပြောင်းနီး ၂၇၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၂၉၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးသေး ၈၈၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၆၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၃၅၀၀ ကျပ်ပေါက်ဈေးရှိ ကြောင်းသိရသည်။ယခင်အပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၂၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၅၈၀၀၀ကျပ်၊  ပဲကြီး ၈၉၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၉၀၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၁၃၁၀၀၀ ကျပ်၊ ပဲနီလုံးရိုးရိုး ၉၇၀၀၀ ကျပ်၊ ပဲနီလုံးကြား ၁၀၅၀၀၀ ကျပ်၊ ထောပတ်ပဲ ၉၁၀၀၀ ကျပ်၊ ပြောင်းနီး ၂၇၀၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၈၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၉၀၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၅၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၄၀၀၀ ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံအထွက်တိုး တစ်တင်းလျှင် ၂၀၀၀ကျပ်၊   ပဲကြီး တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ကုလားပဲ 929 တစ်တင်းလျှင် ၅၀၀ကျပ်နှုန်းမြှင့်တက်နေပြီး  ပဲစဉ်းငုံ တစ်တင်းလျှင် ၂၇၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၀၀၀ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် ၁၀၀၀ ကျပ်၊ထောပတ်ပဲ တစ်တင်းလျှင် ၁၀၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၅၀၀ ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။   

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News