Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်လကုန်ပတ်နှင့်ယခုလကုန်ပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းအနည်းငယ်ကျဆင်းပြီး၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက် ဈေးနှုန်းများ ဈေးမြင့်နေကြောင်းသိရသည်။ ယခုလကုန်အပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၀၅၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၉၃၀၀၀-၉၆၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၀၈၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀-၁၀၆၀၀၀) ကျပ်ဖြစ်ကာ ယခင်လကုန်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်း လျှင် (၈၉၀၀၀-၉၀၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀-၉၅၀၀၀)ကျပ် ရှိနေကြောင်းသိရသည်။

      ယခုလကုန်အပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၆၀၀-၅၇၀၀) ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၅၃၀၀) ကျပ်ရှိပြီး ယခင်လကုန်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၅၀၀) ကျပ်၊ ယခုလကုန်ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၀၀၀- ၁၂၅၀၀)ကျပ်၊ ပဲဖတ် တစ်ပိဿာ(နယ်- ၂၃၂၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၀၀ ) ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၇၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရပါသည်။

Category: Local News