ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ၊မြေပဲဆီဆံဖြူ၊နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါဈေးနှုန်းများဈေးမြင့်နေကြောင်းသိရသည်။ ယခုလကုန်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၃၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၅၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၇၀၀၀-၁၃၅၀၀၀)ကျပ်ဖြစ်ကာ ယခင်လကုန်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၄၀၀၀-၁၁၁၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀-၁၀၇၀၀၀ ) ကျပ်ရှိ၍ ယခင်လကုန် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၁၁၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၄၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၈၀၀၀ )ကျပ်ဈေးမြှင့်တက်နေကြောင်းသိရသည်။
ယခုလကုန်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀-၈၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၉၀၀) ကျပ်၊ ယခုလကုန် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူမှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၂၆၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး