Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

 ဩဂုတ်လ နောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေး ကွက်အခြေအနေမှာ  နှမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး မြေပဲလုံးဆံနီ၊မြေပဲလုံးဆံဖြူ၊ ဆီဆံများဈေးများကျဆင်းလာကြောင်းသိရသည်။ ယခုတစ်ပတ်တွင်း   နှမ်းဖြူ တစ်တင်းလျှင် (၁၁၇၀၀၀-၁၃၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀- ၁၂၀၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်ရှိပြီး ယခင်လ (ဇူလိုင်) ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၁၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀- ၉၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၉၄၅၀၀)ကျပ်ရှိပြီး ယခုတစ်ပတ်အတွင်း ကာလအချိန်နှင့်တူနှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်းလျှင် (၇၀၀၀)ကျပ်‌‌ခန့်၊  နှမ်းနက် တစ်တင်းလျှင် (၁၀၀၀၀)ကျပ်‌‌ခန့်၊ နှမ်းညိုတစ်တင်းလျှင် (၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနေကြောင်းသိရသည်။

         ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာ (၆၀၀၀)ကျပ်ရှိပြီး ယခင်လ (ဇူလိုင်) ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ(၉၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ   (၇၀၀၀)ကျပ်၊ ဆီဆံ တစ်ပိဿာ (၆၆၀၀)ကျပ် ပေါက်ဈေးရှိ၍ မြေပဲလုံးဆံများ တစ်ပိဿာလျှင် (၃၀၀မှ၅၀၀)ကျပ်ထိ ကျဆင်းလာကြောင်းသိရသည်။ 

Myantrade-Monywa

Category: Local News