Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသောဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

       ဇူလိုင်လ ပထမပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညိုနှင့် နှမ်းဖြူဈေးနှုန်းများ ကျဆင်းနေပြီး မြေပဲလုံး ဆံဖြူ၊ မြေပဲလုံးဆံနီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်တွင်  နှမ်းဖြူ(သ/ဟ) တစ်တင်းလျှင် (၁၁၀၀၀၀-၁၁၇၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၁၀၀၀၀- ၉၀၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၉၅၀၀၀-၉၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၁၀၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၀၅၀၀၀-၈၅၀၀၀)ကျပ်ရှိပြီး ကာလတူနှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် (၅၀၀၀)ကျပ်နှင့် နှမ်းဖြူ တစ်တင်းလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းများ မြင့်တက်သွားကြောင်းသိရသည်။

         ယခုပတ်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၀၀၀-၈၄၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀-၇၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၀၀၀-၈၄၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၀၀-၇၀၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုပတ် ဆီဈေးမှာ ပဲဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ ပေါက်ဈေးရှိပါသည်။

MT-Monywa

Category: Local News