Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညိုနှင့် မြေပဲဆံဈေးနှုန်းများဈေးမြင့်နေကြောင်းသိရသည်။ ဖေဖော်ဝါရီလပထမပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၁၂၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၅၀၀၀-၁၃၀၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၃၀၀၀) ကျပ်၊  နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀-၁၂၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၇၀၀၀-၁၃၅၀၀၀ ) ကျပ်ရှိ၍ ယခင်လကုန် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၅၀၀၀ )ကျပ် ဈေးမြှင့်တက်နေကြောင်း သိရသည်။

ဖေဖော်ဝါရီလပထမပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၄၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၉၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာမြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀-၈၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀-၇၃၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀) ကျပ်၊  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲဆံဈေးများအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၈၂၅ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News