Local News

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး

Last Updated:

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီနှင့် ကော်လ်ကတ္တားမြို့တို့မှ မြန်မာစီးပွားရေးသံမှူးများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် အိန္ဒိယနိုင်ငံခရီးသွားလုပ်ငန်းကုမ္ပဏီဖြစ်သည့် Aerionyx Global Representative မှ တာဝန်ရှိသူများ စုစုပေါင်း ၂ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြပါသည်။  အစည်းအဝေးသို့ တက်ရောက်လာသူများမှ အိန္ဒိယနိုင်ငံ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် Roadshow ၂ ခုတွင် မြန်မာနိုင်ငံမှ ပြခန်းအခမဲ့လာရောက် ပြသနိုင်ရန်၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးပါက မြန်မာနိုင်ငံသို့ လာရောက် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးအတွက် အထင်ကရနေရာများသို့ ကွင်းဆင်းလေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ၁၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

 

Category: Local News