International News

ယူအေအီးနိုင်ငံရှိ ဟိုတယ်များမှ အစားအသောက် စွန့်ပြစ်ပစ္စည်းကျွင်းကျန်မှုများကို ဖြတ်တောက်ချွေတာနိုင်ခဲ့ပြီး ၆ လအတွင်း AED ၅ သိန်းနီးပါးခန့်အထိ သက်သာစေခဲ့

Last Updated:

ယူအေအီးနိုင်ငံတစ်ဝှမ်းတွင် ဟိုတယ်များနှင့်စားသောက်ဆိုင်များသည် အစားအသောက်စွန့်ပစ် ပစ္စည်းကျွင်းကျန်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့်ပိုလျှံသောအစား အစာများကို တာဝန်သိစွာ စီမံခန့်ခွဲလျှက်ရှိကြောင်းသေချာစေရန်အတွက် သိသာထင်ရှားသောခြေလှမ်းများဖြင့် စီမံဆောင်ရွက် လျက်ရှိပါသည်။

ကနဦးဆောင်ရွက်မှုအနေဖြင့် အဘူဒါဘီမြို့တော်ရှိ ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုဖြစ်သော St. Regis Abu Dhabi မှ အစားအသောက်စွန့်ပစ်ပစ္စည်းများကို စီးပွားဖြစ်လျှော့ချနိုင်ရန်အတွက် Winnow စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ၎င်းဟိုတယ်၏ တစ်နေကုန်ဖွင့်လှစ် ထားရှိသောစားသောက်ဆိုင်မှ မှတ်သားဖွယ်ရာစုဆောင်းရရှိသည့်ငွေကြေးအဖြစ်  AED ၄၈၀,၆၂၀ အထိရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ခြောက်လအတွင်း အစားအသောက်စွန့်ပစ်ပစ္စည်းအမှိုက် ၂၅ တန်ကို လည်း လျှော့ချနိုင်ခဲ့ပါသည်။

၎င်းတို့၏အစားအစာများမှ ၇၅ % အထိကို နေ့စဉ် လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားရှိပြီး အရည် အသွေးနှင့်စွန့်ပစ်ပစ္စည်းများအား ထိထိရောက်ရောက်လျှော့ချရေးအတွက်အာမခံကြောင်း အဆိုပါ ဟိုတယ်၏ အထွေထွေမန်နေဂျာဖြစ်သူ Karim Gharbi က ပြောကြားခဲ့ပါသည်။

Rotana ဟိုတယ်အုပ်စုမှလည်း အစားအသောက်စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲသည့် Chef's Eye ဆော့ဖ်ဝဲနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အစားအသောက်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို အရှိန်အဟုန် မြှင့်လုပ်ဆောင်လျက် ရှိပါသည်။ ဤကဲ့သို့ပူးပေါင်းဆောင်ရွက်မှုကြောင့် အစားအသောက်ပြင်ဆင်ရာ တွင်မလိုအပ်သည့်အမှိုက်များအပေါ်ချွေတာနိုင်မှု ၂၂ % နှင့် အစားအသောက်ဘူဖေးအမှိုက် ၁၅ % အထိလျော့ကျသွားခဲ့ကာ ယခုနှစ်ပထမသုံးလပတ်တွင် စားသောက်ရန်ပြင်ဆင်ထားရှိသော ပန်း ကန်တင်အစားအစာများမှ အမှိုက် ၆၃ % အထိ သိသိသာသာဖြတ်တောက်ချွေတာနိုင်ခဲ့ပါသည်။

၎င်းတို့၏ အချက်အလက်မောင်းနှင်မှုဖြင့် ချဉ်းကပ်ဆောင်ရွက်နိုင်မှုသည် ဆိုင်ခွဲပေါင်း ၂၇၃ ခုတွင် လေ့ကျင့်ရေးနှင့်လည်ပတ်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျှက်ရှိကြောင်း Rotana မှ အစားအ သောက်၊ အဖျော်ယမကာနှင့် အချက်အပြုတ်ဆိုင်ရာ ကော်ပိုရိတ်ညွှန်ကြားရေးမှူး Scott Valentine က မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

ထို့အပြင် အမျိုးသားစားနပ်ရိက္ခာဆုံးရှုံးမှုနှင့်စွန့်ပြစ်မှု အစပျိုးဆောင်ရွက်သည့် လူမှုလှုတ်ရှားမှု တစ်ခု ဖြစ်သော Ne'ma နှင့် Rotana အုပ်စုတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် တာဝန်သိအစားအစာ စီမံခန့်ခွဲမှုအတွက် ၎င်းတို့၏ကတိကဝတ်များကို အလေးပေးဖော်ပြထားပါသည်။ ဤကဲ့သို့ပူးပေါင်း ဆောင်ရွက်မှုသည် ဒေသတွင်းရှိစေတနာရှင်အဖွဲ့အစည်းများထံသို့ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသော အစားအစာလှူဒါန်းမှုများကိုသေချာစေခဲ့ပြီး အသုံးမပြုသောပစ္စည်း များအပေါ်တွင်လည်း သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲဆောင်ရွက်မှုများရှိခဲ့ပါသည်။

ယူအေအီးနိုင်ငံရှိ အစားအသောက်ဘဏ် (UAE Food Bank) သည် ဤသဘာဝဂေဟစနစ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျှက်ရှိပါသည်။ ဟိုတယ်ပေါင်း ၁၁၃ လုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် Food Bank သည် ပရဟိတအလှူဒါနများအတွက် စားသုံးနိုင်သည့် အစားအသောက်ပိုလျှံ မှုများကို ထိရောက်စွာစီစစ်နိုင်ခဲ့ကာ စားသုံး၍မရသောစွန့်ပစ်ပစ္စည်းများကို အထူးပြု၍ပြန်လည် အသုံးချနိုင်စေရန်ဆောင်ရွက်သည့် လုပ်ငန်းကုမ္ပဏီများထံသို့ ဆက်လက်ပေးပို့နိုင်ခဲ့ပါသည်။ ဤ လုပ်ငန်းစဉ်သည် သက်ဆိုင်ရာဒေသ၏လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရုံသာမက အာဟာရဓာတ် ကြွယ်ဝသောသဘာဝမြေဆွေးများကိုလည်း ထုတ်လုပ်ပေးလျှက်ရှိကာ သဘာဝပတ်ဝန်းကျင် ရေ ရှည်တည်တံ့မှုကိုလည်း အထောက်အကူပြုလျှက် ရှိပါသည်။ ၂၀၂၃ ခုနှစ် မှ ၂၀၂၄ ခုနှစ်အတွင်းတွင် Food Bank မှ အစားအသောက်ပေါင်းနှစ်သန်းကျော်ကို ပြန်လည်အသုံးပြုနိုင်စေရန်ဆောင်ရွက်နိုင် ခဲ့ပြီး သဘာဝမြေသြဇာ ကီလိုဂရမ် ၁၀၀ ကျော်ကို ထုတ်လုပ်ပေးနိုင်ခဲ့ကာ မြေယာများကိုထိန်းသိမ်း နိုင်ခဲ့သလို ကာဗွန်ထုတ်လွှတ်မှုကိုလည်း လျှော့ချနိုင်ခဲ့ပါသည်။

ဤသို့သောစုပေါင်းကြိုးပမ်းအားထုတ်မှုများသည် အစားအစာစွန့်ပစ်မှုကိုလျှော့ချသွားရန်နှင့် ထိန်းသိမ်းမှုနှင့်တာဝန်ယူမှုရှိသော အစားအစာများကိုသုံးဆောင်စေသည့်ယဉ်ကျေးမှုအား မွေးမြူကြရန်အတွက် ယူအေအီးနိုင်ငံတွင် ကြီးမားလျှက်ရှိနေသော ကတိကဝတ်များကို ထင်ဟပ်စေခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံတွင် စားနပ်ရိက္ခာစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုအတွက် အစိုးရမှ UAE Food Bank ကို ၂၀၁၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၎င်းတို့မှ ဟိုတယ်များ၊ စူပါမားကတ်များနှင့်စားသောက် ဆိုင်များတို့မှ ပိုလျှံသည့်အစားအစာများကိုစုဆောင်း၍ လိုအပ်သူများထံသို့အစားအသောက်ဝေငှမှု လုပ်ငန်းများကိုစီမံဆောင်ရွက်လျှက်ရှိပြီး စွန့်ပစ်ပစ္စည်းများကို သိသိသာသာလျှော့ချပေးနိုင်ခဲ့ ပါသည်။  ၂၀၁၈ ခုနှစ်တွင် ယူအေအီးနိုင်ငံ၊  ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမျိုးသားစားနပ်ရိက္ခာဆုံးရှုံးမှုနှင့်စွန့်ပြစ်မှု ကတိကဝတ်တစ်ရပ်အဖြစ် အစား အ သောက်ဆိုင်ရာစီးပွားရေးလုပ်ငန်းများအနေဖြင့်၂၀၃၀ ခုနှစ်တွင် အစားအစာစွန့်ပစ်ပစ္စည်းများကို ၅၀ % အထိလျှော့ချနိုင်ကြရန်အတွက် ကတိကဝတ်ပြုဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ ပါသည်။ ယူအေအီးအစိုးရမှ သဘာဝစွန့်ပြစ်အမှိုက်များကိုမဖြစ်မနေခွဲထုတ်ရန်နှင့် စွန့်ပစ်ခြင်းလုပ် ငန်းစဉ်များစံနစ်တကျဖြစ်စေရန်အပြင် အစားအသောက်စွန့်ပစ်ပစ္စည်းများကိုထိထိရောက်ရောက် စီမံခန့်ခွဲရန်အတွက် စည်းမျဉ်း/စည်းကမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတွင်း အစားအစာစွန့်ပစ်ပစ္စည်းများကို မြေဆွေးနှင့်တိရစ္ဆာန်အစာများကဲ့သို့ အသုံးဝင်သော ထုတ်ကုန်များအဖြစ်သို့ပြောင်းလဲပေးသည့် ပြန်လည်အသုံးပြုသည့်စက်ရုံများစွာကိုလည်း  တည် ထောင်ထားရှိပါသည်။ ဥပမာအားဖြင့် နိုင်ငံ၏မြို့တော်အဘူဒါဘီတွင် အမှိုက်စီမံခန့်ခွဲမှုစင်တာ Tadweer မှ သဘာဝစွန့်ပြစ်အမှိုက်များကို မြေဆွေးအဖြစ်ပြန်လည်အသုံးပြုနိုင်ရန် စီမံဆောင်ရွက် ထားရှိသလို စွန့်ပြစ်အမှိုက်များအားနည်းပညာဖြင့် ခွဲခြားမှတ်သားနိုင်သည့် IoT စက်ကိရိယာများ ကို စီးပွားရေးလုပ်ငန်းသုံးမီးဖိုချောင်ကြီးများနှင့် ဧည့်ဝတ်ပြုမှုကဏ္ဍများတွင် အသုံးပြုထားရှိပြီး ၎င်းတို့မှအစားအသောက်စွန့်ပစ်ပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စီမံနိုင်စေရန် စံနစ် တကျဆောင်ရွက် ထားရှိပါသည်။

UAE Food Bank မှ အခြားသော NGO များနှင့်ပူးပေါင်း၍ ပိုလျှံသောအစားအစာများကို လှူဒါန်း ဝေငှနိုင်ရန် အတွက် SavetheGrains ကဲ့သို့သော လှုတ်ရှားဆောင်ရွက်မှုအစပြုမှုများဖြင့် လိုအပ်သူ များထံသို့ အစားအစာများအား ပြန်လည်ဝေမျှခြင်းလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျှက်သည့် အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ဟိုတယ်နှင့်စားသောက်ဆိုင်အများအပြားမှ အစားအ သောက်စားသုံးမှုပမာဏအပေါ် ထိန်းချုပ်မှု၊ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် ပိုလျှံသောအစား အစာများအား ဝေငှလှူဒါန်းခြင်းများကဲ့သို့သော ရေရှည်တည်တံ့သော အလေ့အကျင့်များကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ကြပါသည်။

‘Love Food, Don’t Waste’ ပညာပေးအစီအစဉ်များကဲ့သို့ သော အစားအသောက်စွန့်ပြစ်ခြင်း၏ အရေးပါမှုအပေါ် လှုံ့ဆော်လှုတ်ရှားဆောင်ရွက်မှုများမှ အစားအစာများအား သဘာဝမြေဆွေး အဖြစ်ပြန်လည်အသုံးချနိုင်ရန်နှင့် အစားအသောက်ပမာဏများအပေါ် လိုအပ်သည့်အတိုင်းအတာ ဖြင့် ဆင်ခြင်ပြီးအသုံးပြု/စားသုံးကြခြင်းအားဖြင့် အစားအစာစွန့်ပစ်ပစ္စည်းများအား လျှော့ချနိုင်မှု စသည်တို့အား ရပ်ရွာအခြေပြုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအစီအစဉ်များတွင်ပါဝင်စေနိုင်ရန် အတွက် ကိုလည်း ဒေသခံများအား တိုက်တွန်းအားပေးဆောင်ရွက်လျှက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

Source:                            Khaleej Times

Date:                               5.9.2024

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News