Local News

ပေါ်ဦးပေါ်ဖျား အာတာလွတ်ဥ စျေးကွက်

Last Updated:

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးသို့ တောင်ကြီးမြို့မှ အာတာလွတ်ဥများ အောက်တိုဘာလ တတိယအပတ်မှ စတင်ဝင်ရောက်လာကြောင်း သိရပါသည်။ ယခုလို ပေါ်ဦးပေါ်ဖျား အချိန်တွင် အာတာလွတ်ဥများ အဝယ်လိုက်နေပြီး ရက်ခြားတစ်ပတ်လျှင် ပိဿာချိန် ၈၀ ကျော်ဝင်ရောက်မှုများရှိနေပြီး ဘားအံမြို့ပေါ်ရှိ ဈေးများတွင် အာတာလွတ်ဥများကို အရွယ်အစားအလိုက် တစ်ပိဿာလျှင် ၂၅၀၀- ၃၀၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

      မြန်မာ့အစားအစာတွေထဲမှာ နေရာတစ်နေရာယူထားတဲ့ အာတာလွတ်ဥက ဆေးဖက်ဝင်ကြောင်း သိရှိရပါသည်။ အာတာလွတ်ဥမှာ သတ္တုဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး အမျှင်ဓါတ်နဲ့ ပရိုတင်းဓါတ်များ ပါဝင်သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးပဲဖြစ်သည်။ အာတာလွတ်စပေါ်သော ရာသီဖြစ်၍ အရသာဆိမ့်ဆိမ့်လေးနဲ့ အရသာရှိသော အာတာလွတ်ဥကို ဆီ၊ ဆားလေးနှင့် နှမ်းထောင်းလေးဖြူးပြီး တို့စားခြင်း၊ အာတာလွတ်ဥပြုတ်ကို ပါးပါးလှီးပြီး အုန်းသီး၊ သကြားတို့ဖြင့်လည်း နယ်စားခြင်း၊ အာတာလွတ်ဥကို မုန့်နှစ်အဖြစ်ပြုလုပ်၍ အကြွပ်ကြော်စားခြင်း စသည့်ဖြင့်လည်း စားသုံးကြကြောင်း သိရသည်။

DOCA(ကရင်)

Source:

https://www.doca.gov.mm/my/node/14882

Category: Local News