Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဧြပီလမှ ဇွန်လအထိ ရေထွက်ပစ္စည်းတင်ပို့မှု လျော့ကျနိုင်

Last Updated:

         ကော့သောင်းမြို့မှ တစ်ဖက်ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ ရေထွက်ပစ္စည်းများကို အဓိကတင်ပို့ လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ် (ဇန်နဝါရီလ မှ မတ်လထိ) လှေစီးရေ (၁၈၂၃)စီး၊ တန်ချိန် (၆၁၅၃၀.၉၈၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၃.၆၇၂)သန်း ဆောင်ရွက်နိုင်ခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် အမှတ် (၆/၂၀၂၂) အရ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံးအနေဖြင့် သတ်မှတ်ထားသည့် ငါးမဖမ်းရ ဧရိယာ (Closed Area) အတွင်း၌ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ မှ ဇွန် လ ၃၀ ရက်နေ့ထိ (Closed Season) အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့သည်။

      အဆိုပါ ထုတ်ပြန်ချက်အရ ကမ်းဝေးငါးဖမ်းရေယာဉ်များ (၃)လခန့် ငါးဖမ်းဆီးနိုင်မှု မရှိသည့် အတွက် ရေထွက်ပစ္စည်းတင်ပို့မှုမှာ ယခင်လများထက် ၆၅ ရာခိုင်နှုန်းခန့် လျော့နည်း ကျဆင်းသွားနိုင်ကြောင်း ရေလုပ်ငန်းရှင်များထံမှ သိရသည်။

Source: https://commerce.gov.mm

Category: Local News