Local News

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်း (Myanmar GDE Consortium) ဖွဲ့စည်းရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest-EOI) ခေါ်ယူခြင်း

Last Updated:

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများ ပါဝင်သည့် (Myanmar Government Designated Entity Consortium) ဖွဲ့စည်းရေး စီစဉ်လျက်ရှိပါသည်။ ထိုသို့ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအား စိစစ်ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ပါသဖြင့်  မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်း (Myanmar GDE Consortium) ဖွဲ့စည်းနိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest-EOI) ခေါ်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

အသေးစိတ် သိရှိလိုပါက အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Category: Local News