Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

     ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၈-၂-၂၀၂၃) မှ (၂၄-၂-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းဖတ်၊ မန်ကျည်းစေ့၊ ဇီးဖတ်၊ စစ်တုံဥ၊ ချင်း(အစို)၊ ဇီးသီးခြောက်၊ ကြက်သွန်ဖြူ၊ အုန်းသီး၊ အုန်းသီးခြောက်၊ တံမျက်စည်းကြမ်းနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၅၈၁၅၅ ဒေါ်လာ တင်ပို့ခဲ့ ကြောင်း သတင်းရရှိပါသည်။

     ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် မန်ကျည်းစေ့တန်ချိန် ၉၈၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ မန်ကျည်းစေ့ တန်ချိန် ၃၆၃ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် မန်ကျည်းစေ့တန်ချိန် ပိုမို၍ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် မန်ကျည်းစေ့ တင်ပို့နိုင်မှုငွေပမာဏမှာ ၅၄၃၄၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

 

 

                                                                                                                                                                                        နီလာ

                                                                                                                                                                   သဇင်မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News