Local News

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဝါများ ဈေးကောင်းရနေ

Last Updated:

     ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဝါစတင်ထွက်ရှိချိန်က ဝါအရည်အသွေးကောင်းလျှင် တစ်ပိဿာလျှင် (၂၃၀၀)ကျပ်၊ ဝါအရည်အသွေးနိမ့်လျှင် (၂၁၀၀)ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူ ခဲ့သော်လည်း တောင်သူများအနေဖြင့် စိုက်စရိတ်များ တွက်ခြေကိုက်ရေးအတွက် တောင်သူအနည်းငယ်သာ ဝါစက်များသို့ လာရောက်ရောင်းချကြောင်း၊ ဝါသီးနှံအထွက်လှိုင်ချိန်မှာတော့ တောင်သူများအနေဖြင့် ဝါတစ်ပိဿာလျှင် (၂၈၀၀-၂၉၀၀) ကျပ်၊ ဝါဂွမ်း တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ဝါစေ့တစ်ပိဿာလျှင် (၁၁၅၀) ကျပ်ဖြင့် ဈေးရရှိခဲ့ပါသည်။ ယခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းတွင် ချည်မျှင်ရှည်ဝါများ အကုန်ရိတ်သိမ်းပြီးဖြစ်၍ ဈေးကွက်တွင် ဝါကြီးများသာရှိတော့ကြောင်း၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဝါသီးနှံလက်ကျန်နည်းလာခြင်း၊ အဝယ်လိုက်လာခြင်းတို့ကြောင့် ဝါတစ်ပိဿာလျှင် (၃၁၅၀) ကျပ်ဖြင့် တောင်သူများ ဈေးကောင်းရနေပြီး ဝါဂွမ်းအား မန္တလေးနှင့်မူဆယ်ဈေးကွက် ဝယ်လိုအားများသောကြောင့် ဝါဂွမ်း တစ်ပိဿာလျှင် (၇၃၀၀)ကျပ်ရရှိပြီး ဝါစေ့တစ်ပိဿာလျှင် (၁၁၅၀)ကျပ် ဖြင့်သာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

https://commerce.gov.mm

Category: Local News