Local News

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲစဉ်းငုံ

Last Updated:

     ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလနောက်ဆုံးပတ်မှစတင်၍ ပဲစဉ်းငုံများ စတင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလစတုတ္ထပတ်အထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း၊ စတုတ္ထပတ်၌ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၆၀၀ဝိ/-) ကျပ်ဖြင့် တစ်ရက်လျှင် တင်း (၁၈၀၀) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ်အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀၀) တင်း/(၂၉၄) တန်ဖြစ်ကြောင်း၊ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်အပတ်ပေါက်ဈေးမှာ (၆၅၆၀ဝိ/-) ကျပ်ရှိခဲ့သဖြင့် ပဲစဉ်းငုံ တစ်တင်းလျှင် (၄၀ဝိ/-)ကျပ် စျေးပိုရရှိခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

https://commerce.gov.mm

Category: Local News