Local News

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်များတင်ပို့

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၂၈--၂၀၂၃)   မှ (--၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် ကြက်သွန်နီ၊ မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ စစ်တုံဥ၊ ဇီးသီးခြောက်၊ အုန်းသီး၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း နှင့် ဇီးယိုထုပ် တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၆၂၀၂ ဒဿမ ၃၀ ဒေါ်လာ တင်ပို့ ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ် ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် စစ်တုံဥ တန်ချိန် ၂၁၇ တန်တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ စစ်တုံဥတန်ချိန် ၂၉၈ တန်တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် စစ်တုံဥတန်ချိန် တင်ပို့နိုင်မှုလျော့နည်း သွားကြောင်းသိရပါသည်။ ယခုအပတ် စစ်တုံဥ တင်ပို့နိုင်မှုငွေပမာဏမှာ ၂၂၇၈၅ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

 

 

                                                                                               

            နီလာ

သဇင်မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News