Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ြေခအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

          ၂၀၂၃ ခုနှစ်၊ ဧပြီလ ၀၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၈၄၈)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၈၅၉) သန်း၊ သွင်းကုန်တန်ချိန် (၅၃၈)၊ (၅၀၇၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၀၈) သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆၇ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်းစေ့ တို့ဖြစ်ပြီး၊  အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများ မှာ ပီလောပီနံမှုန့်၊ ဆား၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆော်ဒါမှုန့်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ ကျောက်ချဉ်၊ ထုံးမှုန့်၊   ဆိုးဆေးမှုန့် တို့ဖြစ်ကြောင်း သိရှိရသည်။

Source: https://www.commerce.gov.mm

Category: Local News