Local News

မောင်တောကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများအား အဓိကထားတင်ပို့လျက်ရှိသည်။

     ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ်၊ ဖေဖော်ဝါရီလ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၄၀) ဒေါ်လာသန်း ဖြစ်သည်။ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၈၈) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုမရှိသဖြင့် ကုန်သွယ်မှုပမာဏ (၀.၈၈၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့၍ဖေဖော်ဝါရီလ၏ တစ်လလုံး လျာထားချက်အပေါ် (၈၅%) ဆောင်ရွက်နိုင်ခဲ့သည်။ တစ်ဖက်နိုင်ငံသို့ အများဆုံးတင်ပို့နိုင်ခဲ့သည့် ပစ္စည်းများမှာ  ငါးမြစ်ချင်း၊ ငါးစုံလေးခြောက်၊ ကွမ်းသီး၊ ငါးသလောက်၊ ဆီးယိုထုပ်၊ ငါးကုန်းညိုခြောက်၊ ငါးနီတူခြောက်၊ ဆီးသီးခြောက်၊ အုန်းသီးနှင့် ထန်းလျက်တို့ ဖြစ်ပါသည်။

https://www.commerce.gov.mm

 

Category: Local News