Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ဆွေးနွေးပွဲသို့ တက်ရောက်

Last Updated:

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်၏ ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး ပို့ကုန်ဈေးကွက်အလား အလာကောင်းသည့် ကော်ဖီနှင့် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်မှုကို နိုင်ငံတော်မှ အားပေးမြှင့်တင်လျှက်ရှိ ကြောင်း၊ မြန်မာ့ထောပတ်သီးများ အရည်အသွေးမီ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်းတိုးတက်မြင့်မား ရေးအတွက် ဒေသခံတောင်သူလုပ်ငန်းရှင်များက ဆောင်ရွက်ရန်လိုအပ်ပြီးနိုင်ငံတော်မှ ဈေးကွက်ရှာဖွေတိုးချဲ့နိုင် ရေးကူညီပေးမည်ဖြစ်ကြောင်း၊  ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး၊ ပြည်ပသို့တင်ပို့ရာတွင် ဈေးကွက်နိုင်ငံ၏ စံချိန်စံညွှန်း ဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီတင်ပို့နိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။


ဆက်လက်ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီများသည် နိုင်ငံတကာအဆင့်မီပြီး  နိုင်ငံတကာဈေးကွက်များတွင် အလားအလာကောင်းများရှိကြောင်း၊ ကူမင်းနိုင်ငံတကာ ကုန်စည်ပြပွဲတွင် နမူနာပြသခဲ့ရာ၌ လူကြိုက်များခဲ့ပါ ကြောင်း၊  နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မြန်မာ့ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးနှင့် ဈေးကွက်ဝင်နိုင်ငံ၏ စံချိန် စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီတင်ပို့နိုင်ရေးကို ရင်းနှီးပွင့်လင်းစွာညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေညောင်မြို့ မြနဒီသီးနှံအခြောက်ခံစက်ရုံသို့ သွားရောက်ကာ ပြောင်း ကုန်ကြမ်းများ အခြောက်ခံသန့်စင်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဟဲဟိုးမြို့၊ တီခေါင်ကျေးရွာအုပ်စု၊ ဥဿကံ ကျေးရွာရှိ Heho Potato Co.,Ltd အအေးခန်းစက်ရုံသို့ သွားရောက်၍ အာလူးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏အာလူး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ နိုင်ငံတကာစျေးကွက်ရရှိရေးနှင့် အာလူးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်တောင်သူများ၊ အသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်း များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Category: Local News