Local News

ချင်းရွှေဟော် မိန်းတိန် နယ်စပ်ကုန်သွယ်မှုသတင်း

Last Updated:

      တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၃၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၃၅) ယွမ်နှင့် ပြောင်း တစ်အိတ်လျှင် (၁၂၀) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်(နမ့်ဖာဟော်) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ်ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက် နေ့ (၁၀:၀၀) အချိန်တွင် နှစ်နိုင်ငံ လူအဝင်/အထွက်အား ပြန်လည် ဖွင့်လှစ်ခဲ့သည်။

          ၂၀၂၃ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁၀၀)လျှင် တရုတ်ယွမ် (၀.၂၄၁) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၁၄) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁) ကျပ်သား (၇၀၀၉.၅၇) ယွမ်၊ မြန်မာငွေကျပ် (၂၉၀၁၉၆၁) ရှိကြောင်း သိရှိရသည်။               

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Source: https://commerce.gov.mm

Category: Local News