Local News

MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူး၍ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ဆရာဝန်များအသင်းခန်းမ၌ အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲကို တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာစေရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်စေရေး၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်သောမူပိုင်ခွင့် ရရှိနိုင်ရေး၊ ကြုံတွေ့ရမည့်အခက်အခဲများ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးဖော်ထုတ်နိုင်ပြီး (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။

ထို့နောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားကာ အလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊  ဧရာဝတီတိုင်းဒေသကြီး ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ၊ ပုသိမ်ထီးလုပ်ငန်းရှင်များ၊ ရေသန့်လုပ်ငန်း ရှင်များ၊ အုန်းသီးအခြေခံထုတ်ကုန်ပစ္စည်း လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်စည်ဒိုင်၊ ဒေသထွက်ကုန်သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီအဖွဲ့ဝင်များ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

                                                                                                                                     ဧရာကုန်သွယ်မြှင့်

 

 

                                                                                                                                    

 

Category: Local News