ထိုင်းနိုင်ငံ၌ လတ်ဆတ်ပီလောပီနံ တန်ချိန် ၂.၅ သန်းနှင့် ညီမျှသော ပီလောပီနံပြား တန်ချိန် ၁ သန်းကို မွေးမြူရေးနှင့် အစားအစာထုတ်လုပ်သည့် စက်ရုံများတွင် သုံးစွဲမှုတိုးမြင့်နိုင်ရေးအတွက် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။
အစားအစာထုတ်လုပ်သူများသို့ တိကျသော အရည်အသွေးနှင့် စံဈေးနှုန်းများဖြင့် သန့်စင်သော ပီလောပီနံပြားများ ထောက်ပံ့ပေးနေသည့် နိုင်ငံတစ်ဝှမ်းရှိ ထုတ်လုပ်သူ ၄၀ ကျော်နှင့် ဦးစီးဌာန အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ပြည်တွင်းပီလောပီနံ ဈေးကွက်ကို မြှင့်တင်ရန်ဖြစ်ပါကြောင်း၊ ဈေးကွက်အတွင်းသို့ လတ်ဆတ်ပီလော ပီနံဝင်ရောက်မှုကို ကန့်သတ်ထားစဉ်တွင် ပီလောပီနံထဲ၌ ကစီဓာတ်ပါဝင်မှု မြင့်တက်စေရန်အတွက် နောက်ကျရိတ်သိမ်းခြင်းကို အားပေးရန် နည်းလမ်းမိတ်ဆက်လျက်ရှိပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Witta-yakorn Maneenetr က ပြောကြားခဲ့ပါသည်။
ပီလောပီနံပြားများသည် အစားအစာထုတ်လုပ်ရာတွင် ကောင်းမွန်သော အခြားကုန်ကြမ်း တစ်မျိုးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် နှစ်စဉ် ပီလောပီနံပြား တန်ချိန် ၁.၅ သန်းကို အစားအစာ ထုတ်လုပ်ရန်အတွက် အသုံးပြုလျက်ရှိပြီး ယခုနှစ်တွင် လတ်ဆတ်ပီလောပီနံ တန်ချိန် ၆.၅ သန်းနှင့် ညီမျှ သော ပီလောပီနံပြား တန်ချိန် ၂.၅ သန်းထိ တိုးမြှင့်သုံးစွဲနိုင်သည့် အလားအလာရှိပါကြောင်း၊ တောင်သူ များအနေဖြင့် သန့်ရှင်းမှုနှင့် ပီလောပီနံပြားတွင် ကစီဓာတ်ပါဝင်မှုအရည်အသွေးကို ဦးစားပေးရန် လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ပီလောပီနံဈေးကွက်ကို ထောက်ပံ့ပေးရန် ပီလောပီနံပြားများနှင့် ကစီဓာတ်သိုလှောင်ထားမှုအတွက် နှစ်စဉ်အတိုး ၃ ရာခိုင်နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပီလောပီနံ ဝယ်ယူသည့် စိုက်ပျိုးရေးအဖွဲ့အစည်းများအတွက် ချေးငွေများကို စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါ ယမ ဘဏ်က ထုတ်ချေးပေးလျက်ရှိပါကြောင်း CP Group မှ အစားအစာ ပညာရှင် Mr. Pairat Srich-ana က ပြောကြားခဲ့ပါသည်။
စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမ ဘဏ်သည် တောင်သူများအား ထိရောက်သောသော ထုတ်လုပ်မှုနည်းပညာများကို လက်ခံကျင့်သုံးနိုင်ရေးအတွက် အစိုးရ၏ အတိုးနှုန်းထောက်ပံ့မှု ၃ ရာခိုင် နှုန်းအပါအဝင် ချေးငွေများ ထုတ်ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။