International News

မဟာဗျူဟာမြောက်လုပ်ငန်းကြီး ၃၀ ဟောင်ကောင်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ကြောင့် အလုပ်အကိုင် ၁၀,၀၀၀ ခန့်ဖန်တီးနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

      မဟာဗျူဟာမြောက်လုပ်ငန်းကြီး ၃၀ မှ ဟောင်ကောင်ဒေသ၌ ဒေါ်လာ ၃၀ ဘီလီယံ ခန့် လာရောက်ရင်းနှီးမြှုပ်နှံမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း တစ်သောင်းခန့် ဖန်တီးပေးနိုင် မည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Paul Chan က ပြောကြားခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ “HK lures 30 strategic enterprises to create 10,000 jobs: finance secretary” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

        ထိုသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများမှာ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာ ဆိုင်ရာလုပ်ငန်းဖြစ်ပြီး လုပ်ငန်းအများစုမှ Northern Metropolis ဒေသတွင် လုပ်ငန်းများ ဖွင့်လှစ်လျက်ရှိကြောင်း HK Green Finance Association နှစ်ပတ်လည်ဖိုရမ်တွင် အမှာစကား ပြောကြားချိန်တွင် ဘဏ္ဍာရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ လတွင်  စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် Hong Kong’s Office for Attracting Strategic Enterprises သည် သက်ရှင်ရပ်တည်မှုနှင့် ကျန်းမာရေးသိပ္ပံ၊ artificial intelligence and data science၊ fintech၊ အဆင့်မြင့်ထုတ်လုပ်ရေး၊ ပစ္စည်းသစ်များနှင့် စွမ်းအင်သစ်ကဏ္ဍများရှိ စီးပွားရေးလုပ်ငန်းများ ဟောင်ကောင်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ဆွဲဆောင် ခေါ်ယူနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

          ဆန်သစ်တီထွင်မှုနှင့်စပ်လျဉ်း၍ ရှန်ကျန်း၊ ဟောင်ကောင်နှင့် ကွမ်ကျိုး သိပ္ပံနှင့် နည်းပညာ ပူးပေါင်းမှုသည် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့အစည်း၏ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ် တီထွင်မှု ညွှန်ကိန်းတွင် လေးနှစ် ဆက်တိုက် ဒုတိယအဆင့်တွင် ရပ်တည်နိုင်ခြင်းကြောင့် ဆန်းသစ်တီထွင်မှုများကို မဟာပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်မှုမှ အထောက်အပံ့ ပေးနေကြောင်း ဘဏ္ဍာရေးဝန်ကြီးက‌ ပြောကြားခဲ့ပါသည်။

          ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ရုပ်ကြွင်းလောင်စာနှင့် သဘာဝအရင်းအမြစ်များ အလွန်အကျွံ မသုံးစွဲခြင်းကို အခြေခံသည့် စီးပွားရေးစဉ်ဆက်မပြတ် တိုးတက်မှုအဖြစ် ကူးပြောင်းဆောင်ရွက် နေချိန်တွင် green finance အား အထောက်အကူဖြစ်စေရန် အာဆီယံနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းနှင့် ရပ်ဝန်းနှင့်လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများအနေဖြင့် ဟောင်ကောင်ဒေသ၏ ကမ္ဘာ့အဆင့်မီ ဘဏ္ဍာရေးဝန်ဆောင်မှုများကို ချိတ်ဆက်ဆောင်ရွက်မှုကို ကြိုဆို ကြောင်း ၎င်းက ပြော ကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

          Hong Kong Mortgage Corporation မှ ၂၀၂၃ ခုနှစ် မေလအတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ အခြေခံအဆောက်အဦ ငွေချေးစာချုပ်များကို ရှေ့ပြေးအစီအစဉ်အဖြစ် ရောင်းချခဲ့ပါသည်။ အဆိုပါ ငွေချေးစာချုပ်များတွင် အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကတို့မှ စီမံကိန်း ၂၅ ခု ပါဝင်ကာ၊ အမေရိကန် ဒေါ်လာ ၁၀၀ တန်ဖိုးမှာ သဘာဝပတ်ဝန်းကျင် နှင့်လိုက်လျော ညီထွေရှိသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးရာ တာဝန်ယူမှုဆိုင်ရာ စီမံချက်များနှင့် သက်ဆိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု ရေးသား ဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့)

 

Category: International News