International News

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (Free Trade Agreement-FTA) ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ကိုယ်တိုင် သွား ရောက်လက်မှတ်ရေးထိုးမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (Free Trade Agreement-FTA) ၏ နောက်ဆုံးအဆင့် ဆွေးနွေးမှုပြီးပါက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ လတွင် ဝန်ကြီးချုပ်ကိုယ်တိုင် သွားရောက်လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးပြောကြားခဲ့သည်။

FTA ၏ ၉ ကြိမ်မြောက် ညှိနှိုင်းမှုအစည်းအဝေးကို သီရိလင်္ကာနိုင်ငံတွင် ဒီဇင်ဘာလ ၁၈-၂၀ ရက် နေ့အထိ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား FTA ဆွေးနွေးမှုသည် ကိုဗစ် ၁၉ ကပ်ရောဂါနှင့် သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းနေခြင်းကြောင့် ၄ နှစ်ကြာမြင့်ခဲ့ပြီး နိုဝင်ဘာလတွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း၊  နောက်ဆုံးအဆင့် ဆွေးနွေးမှုတွင် ကုန်သွယ်ရေး၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ပါကြောင်း၊ လက်မှတ်ရေးထိုးရန် ဝန်ကြီးချုပ် သီရိလင်္ကာနိုင်ငံသို့ မထွက်ခွာမီ FTA ရလဒ်များအပေါ် ခွင့်ပြုချက်ရရှိနိုင်ရေး အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Choti-ma Iemsawasdikul က ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် လူဦးရေ သန်း ၂၀ ဖြင့်  သေးငယ်သော နိုင်ငံဖြစ်သော်လည်း အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ရေကြောင်းတွင် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ကျောက်မျက်ရတနာများ၊ ဂရပ်ဖိုက်နှင့် ရေသတ္တဝါစသည့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပါကြောင်း၊ မော်တော်ယာဉ်၊ ဖက်ရှင်၊ ကျောက်မျက်၊ သတ္တု၊ လျှပ်စစ်ပစ္စည်း၊ ယန္တရား၊ ရာဘာလက်အိတ်၊ အိမ်မွေး တိရစ္ဆာန်အစာနှင့် ပြောင်းကဲ့သို့သော ထိုင်းစက်ရုံများအပြင် ဘဏ္ဍာရေး၊ အာမခံ၊ ခရီးသွား၊ သုတေသနနှင့် ဖွံ့ဖြိုးမှုစသည့် ထိုင်းဝန်ဆောင်မှုလုပ်ငန်းများသည် FTA မှ အကျိုးခံစားခွင့်များစွာ ခံစားရ နိုင်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ နှစ်နိုင်ငံကုန်သွယ်မှုသည် ထိုင်းနိုင်ငံမှ တင်ပို့ မှု အမေရိကန်ဒေါ်လာ ၂၁၃.၄၉သန်းနှင့် တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၀၆.၈၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၀.၃၇ သန်းရှိကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News