International News

ထိုင်းအကောက်ခွန်ဦးစီးဌာနက အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ဇွန်လလယ်အတွင်း ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး Mr. Arkhom Termpittayapaisith က ပို့ကုန်၊ သွင်းကုန်အတွက် အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်များ အထူးသဖြင့် မော်တော်ယာဉ်များသက်ဆိုင်သော နယ်ပယ်များတွင်လွယ်ကူစေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရန် အကောက်ခွန်ဦးစီးဌာနကို ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

ထိုင်းနိုင်ငံကို ထုတ်လုပ်မှုနှင့် ကုန်ကြမ်းထောက်ပံ့ရေးကွင်းဆက်အတွက် အခြေစိုက်ရာ နေရာအဖြစ် အသုံးပြုလျက်ရှိသော ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍတွင် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း၊ Chipsများ ပြတ်တောက်မှုကြောင့် မော်တော်ယာဉ် ထုတ်လုပ်ရေးတွင် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့ပြီး ဝယ်ယူသူများစောင့်ဆိုင်းခဲ့ရကြောင်း၊ အကောက်ခွန် လုပ်ငန်းစဉ်များကို မြန်ဆန်ပါက တည်ငြိမ်သော ထောက်ပံ့ရေး ကွင်းဆက်ဖြစ်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ဂျပန်နိုင်ငံက အချိန်မီထုတ်လုပ်ရေးနှင့် ကြိုတင်အမှာများကို တင်ပို့နိုင်ရန်သာမက ပြည်တွင်းတွင် ရောင်းချနိုင်ရေးအတွက် မော်တော်ယာဉ်အစိတ်အပိုင်းများ တင်သွင်းမှု လုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံကို အရှိန်မြှင့်တင်ဆောင်ရွက်စေလိုကြောင်း၊ ထိုင်းနိုင်ငံရှိ မော်တော်ယာဉ် ဈေးကွက်သည် High-end ဖြစ်ပါကြောင်း၊ ဂျပန်အနေဖြင့် ကုန်သွယ်မည့် ပို့ကုန်/သွင်းကုန်များ အတွက် ထုတ်ကုန်၏ Code များကို နိုင်ငံတကာအဆင့်မီ တစ်ပြေးညီ စနစ်ကိုအသုံးပြုရန်အတွက် ထိုင်းနိုင်ငံကို ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ဆက်လက် ပြောကြားပါသည်။

ယင်းစနစ်ကို အခွန်ပေးဆောင်ရာ၌ ထုတ်ကုန်များကို သတ်မှတ်ရန် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိပါကြောင်း၊ အချို့တင်သွင်းသူများက မတူညီသော ကုဒ်များကို အသုံးပြုသဖြင့် သွင်းကုန်အခွန်တွင် မတူညီသဖြင့် အကောက်ခွန်ရှင်းလင်းရေးတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ရန်မှာ ဂျပန်နိုင်ငံသည် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသော ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ထိုင်းနိုင်ငံမှ Isuzu ထုတ်လုပ်သည့်အခြေစိုက်ကို အင်ဒိုနီးရှားနိုင်ငံသို့ ရွှေ့ပြောင်းမည် ဆိုသည်မှာ မမှန်ကန်ပါကြောင်း၊ ရွှေ့ပြောင်းမည့် အစီအစဉ်မရှိကြောင်းကို ဂျပန်နိုင်ငံမှ အတည်ပြုပြီးဖြစ်ပါကြောင်း Mr. Arkon က ပြောကြားခဲ့ပါသည်။ Krungthai Compass ၏ ယခင်နှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုင်းနိုင်ငံသည် မော်တော်ယာဉ် အစိတ်အပိုင်းများ၊ အပိုပစ္စည်းများနှင့် အလှဆင်ပစ္စည်းများတင်ပို့မှုတွင် ကမ္ဘာ့အဆင့် ၁ ဖြစ်သည်ဟု ဖော်ပြထားပါသည်။

 

   

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)    

Category: International News