International News

ထိုင်းနိုင်ငံ အစိုးရသစ်အနေဖြင့် ပို့ကုန်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားရန် ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (Federation of Thai Industries-FTI) က တိုက်တွန်းထား

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် အစိုးရသစ်အလျင်အမြန်ဖွဲ့စည်းရေးသာမက အာဆီယံနိုင်ငံများသို့ တင်ပို့ခဲ့မှု ကိန်းဂဏန်းများအရ ပို့ကုန်နှေးကွေးနေမှုကို ရင်ဆိုင်ရန်အတွက် မူဝါဒအသစ်များ ချမှတ်ရန် လိုအပ်ကြောင်း၊ ဈေးကွက်ကြီးမားသော အာဆီယံသို့ တင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံဖြစ်ပြီး ၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Thai Industries-FTI) က ပြောကြားခဲ့ပါသည်။

အဆိုပါ ကိန်းဂဏန်းသည် ဇန်နဝါရီလမှ မေလအတွင်း သင်္ဘောတင်ပို့ခဲ့မှု စာရင်းများအပေါ် အခြေခံထားပါကြောင်း၊ စီးပွားရေးလုပ်ငန်းကဏ္ဍတွင်လည်း လက်ရှိအခြေအနေအပေါ် စိုးရိမ်မှုများရှိနေကြောင်း၊ အစိုးရသစ်အနေဖြင့် ထိုင်းထုတ်ကုန်များအတွက် ခိုင်မာသော အလားအလာရှိသည့် ဈေးကွက်များ ရှာဖွေပေးစေလိုကြောင်း၊ ယင်းအခြေအနေသည် ထုတ်လုပ်မှုကဏ္ဍနှင့် စီးပွားရေးတိုးတက်မှုအပေါ် သိသိသာသာ သက်ရောက်နိုင်ကြောင်း အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Montri Mahapler-kpong ကပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံများသို့ တင်ပို့မှုခဲ့သည် ပို့ကုန်စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း၊ အမေရိကန်သို့ ၁၀ ရာခိုင်နှုန်း၊ ဥ‌ရောပသို့ ၁၀ ရာခိုင်နှုန်းနှင့် ဂျပန်သို့ ၁၀ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အာဆီယံ ဈေးကွက်သည် ထိုင်းစီးပွားရေးတိုးတက်မှုအတွက် အဓိကဖြစ်သဖြင့် စောင့်ကြည့်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ယခုလအတွင်း အစိုးရသစ်ဖွဲ့စည်းနိုင်မည်ဆိုပါက ပို့ကုန်များနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးလိုကြပြီး ပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီများ ရရှိရန် ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားပါသည်။

နိုင်ငံရေးပြဿနာများကြောင့် စီးပွားရေးအခြေအနေကို မထိခိုက်သင့်ကြောင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုပါ ထိခိုက်လာနိုင်ကြောင်း Mr. Montri က သုံးသပ်ထားပါသည်။

 

 

Source: www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

 

 

 

Category: International News