International News

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် မျှော်မှန်းထားသည့်အတိုင်း တန်ချိန် ၈ သန်းထိ ရောက် ရှိနိုင်

Last Updated:

ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အထိ ဆန် တန်ချိန် ၅.၂၉ သန်း တင်ပို့ခဲ့ပြီးဖြစ်သဖြင့် ယခုနှစ် အတွင်း ဆန်တင်ပို့ရန် မျှော်မှန်းထားသည့် တန်ချိန် ၈ သန်းထိ တင်ပို့နိုင်လိမ့်မည်ဖြစ်ကြောင်း၊ အယ်လ် နီညို ရာသီဥတုဖြစ်စဉ်များကြောင့် မိုးခေါင်မှုအပေါ် စိုးရိမ်မှုများ၊ အိန္ဒိယနိုင်ငံ၏ ဆန်ဖြူတင်ပို့မှု ပိတ်ပင်ခြင်းများ၊ တရုတ်၏ ဆန်ထုတ်လုပ်မှုလျှော့ချခြင်းနှင့် နိုင်ငံအများအပြား၏ အစားအစာလုံခြုံမှု အပေါ် စိတ်အားထက်သန်လာမှုများကြောင့် ဆန်တင်ပို့နိုင်မှု မြင့်တက်လာပါကြောင်း ပြည်ပကုန်သွယ် ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat က  ပြောကြားခဲ့ပါသည်။

နိုင်ငံအများစုက ထိုင်းဆန်အပေါ် ဝယ်လိုအား မြင့်တက်လာမှုကြောင့် ပို့ကုန်လည်း တိုးမြင့်လာ နိုင်ကြောင်း၊ အထူးသဖြင့် ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း၊ ဖိလစ်ပိုင် နိုင်ငံသည် ထိုင်းဆန်ဝယ်ယူရန် နောက်ဆုံး ဆက်သွယ်လာသည့် နိုင်ငံဖြစ်ကြောင်း၊ ဝယ်ယူရေးဆိုင်ရာ ညှိနှိုင်းမှုကို စက်တင်ဘာလတွင် အပြီးသတ်သွားမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဂျပန်နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ထိုင်းနိုင်ငံသည် လုံလောက် သော ဆန်ထောက်ပံ့နိုင်မှုနှင့် ပို့ကုန်လုပ်ငန်းစဉ်များအပါအဝင် စိတ်ချရသော ဆန်တင်ပို့သူ ဖြစ်ကြောင်း ဌာနအနေဖြင့် ထပ်လောင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၏ ဆန်ဖြူတင်ပို့မှု ပိတ်ပင်ခြင်းသည် ထိုင်းဆန်တင်ပို့မှုအပေါ် သက်ရောက်မှုမရှိပါ ကြောင်း၊ မည်သူမဆို ထိုင်းနိုင်ငံမှ ဆန်ကို ပုံမှန်အတိုင်း ဝယ်ယူနိုင်ပါကြောင်း၊ အိန္ဒိယ၏ ပိတ်ပင်မှု ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်နှင့် ဈေးနှုန်းအပေါ် သက်ရောက်မှု ရှိသော်လည်း အိန္ဒိယနိုင်ငံအတွင်းတွင် ဆန်ပြတ်လပ်မှု မရှိပါကြောင်း၊ အစားအစာလုံခြုံမှုအတွက် အိန္ဒိယ ဆန်ဝယ်ယူလိုသူများ၏ တင်ပို့မှုပါမစ်များကို အိန္ဒိယမှ ခွင့်ပြုပေးလျက်ရှိကြောင်း၊ မကြာသေးမီက စင်ကာပူနိုင်ငံ၏ ဆန်ဖြူ တန်ချိန် ၁၁၀,၀၀၀ ဝယ်ယူခွင့်ကို အိန္ဒိယအစိုးရက ဩဂုတ်လ ၂၉ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ဘူတန်နိုင်ငံ၏ တောင်းဆိုမှု ဆန် တန်ချိန် ၉၀,၀၀၀ အနက် တန်ချိန် ၇၉,၀၀၀၊ မောရစ်သျှ (Mauritius) နိုင်ငံ၏ တောင်းဆိုမှု ဆန် တန်ချိန် ၁၄,၀၀၀ တို့ကို အသီးသီး ခွင့်ပြုပေးခဲ့ကြောင်း Mr. Ronnarong က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းဆန်ကို နိုင်ငံအများအပြား စိတ်ဝင်စားလာသည့်အတွက် ပို့ကုန်တိုးမြင့်လာနိုင်သည့် အခွင့် အလမ်းများဖြစ်ကြောင်း၊ ဈေးနှုန်းလည်း မြင့်တက်နေကြောင်း၊ ၅ ရာခိုင်နှုန်း ဆန်ဖြူ အမျိုးအစားသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၀ ပေါက်ဈေးရှိပါကြောင်း Mr. Ronnarong က ပြောကြားခဲ့ပါ သည်။  

 

 

 

Source: www.bangkokpost. gov

ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: International News