International News

ဖိလစ်ပိုင်-ယူအေအီး ပထမဆုံး နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် အတွက် စတင်ညှိနှိုင်းဆွေးနွေး

Last Updated:

ဖိလစ်ပိုင်-ယူအေအီး သည် Comprehensive Economic Partnership Agreement (CEPA) နှင့်စပ်လျဉ်းပြီး ညှိနှိုင်းဆောင်ရွက်သွားရန် Terms of Reference (TOR) အား လက်မှတ်ရေးထိုးခဲ့ကြ ပြီးနှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အား ဆောင်ရွက်နိုင်ရန် ပထမဆုံးခြေလှမ်း တစ်ခုဖြစ်ပါသည်။ အဆိုပါ TOR အား ၂-၁၂-၂၀၂၃ ရက်နေ့က ဒူဘိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် Conference of the Parties(COP)တွင် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးနှင့် ဒူဘိုင်း နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီးတို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

CEPA သည် ဖိလစ်ပိုင်နိုင်ငံမှ ကုန်စည်နှင့်ဝန်ဆောင်မှုများ ယူအေအီးနိုင်ငံသို့ တင်ပို့နိုင်ရေး၊ ယူအေအီးမှရင်းနှီးမြှုပ်နှံမှုများ ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုဝင်ရောက်လာစေရေး၊ ယူအေအီးနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်များနှင့် ဝန်ဆောင်မှုထောက်ပံ့ပေးသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက်ဖြစ်ပြီးယခုလက်မှတ်ရေးထိုးခဲ့သည့်TOR သည် အဆိုပြုတင်ပြထားသည့် CEPA အား အထောက်အပံ့ပေးနိုင်သည့် ညှိနှိုင်းချက်တစ်ခုဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် CEPA အရ ယူအေအီနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (၂၀၂၃-၂၀၂၈)ပါ ကုန်သွယ်ရေးမဟာဗျူဟာအတိုင်း ဈေးကွက်အသစ်တစ်ခုအဖြစ် ဝင်ရောက်လုပ်ကိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ ယူအေအီးနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဆင့် ၁၇ နေရာတွင် ရပ်တည်လျက်ရှိပြီး ပင်လယ်ကွေ့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ(Gulf Cooperation Council Member States)ထိပ်တန်းပို့ကုန်ဈေးကွက်တစ်ခုဖြစ်ပါသည်။

နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့်အကာအကွယ်ပေးရေးသဘောတူညီချက် (Investment Promotion and Protection Agreement-IPPA) အား ၂၀၂၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး G-G ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရေးနှင့် နှစ်ဘက်အဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံသူများ၏ ပိုင်နက်မြေများ အတွက်အကာအကွယ်ပေးရေးဆိုင်ရာကိစ္စရပ်များဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊CEPA  အား ဆွေးနွေးနေစဉ်ကာလတွင် ယခင်ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနဝန်ကြီး Ramon Lopezနှင့်ယူအေအီးဝန်ကြီးAL Zeyoudi တို့မှ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် လုပ်ငန်းကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရန်ကိုဆွေးနွေးခဲ့ကြကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများထဲတွင် ယူအေအီးနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး ပို့ကုန်ဆိုင်ရာကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပါကြောင်းကုလသမဂ္ဂမှ ထုတ်ပြန်သည့် ကိန်းဂဏန်းဖော်ပြချက်များအရ ၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံမှ ယူအေအီးနိုင်ငံသို့ ပို့ကုန်တင်ပို့မှုပမာဏ အမေရိကန် ဒေါ်လာ ၃၁၅.၁၉ သန်း ရှိခဲ့ပြီး စက်ပစ္စည်းများ၊ နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် ဘွိုင်လာအိုးများ သည် အမြင့်ဆုံးကုန်သွယ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://mb.com.ph/2023/12/3/article-1495

Category: International News