International News

အမေရိကန်နိုင်ငံမှစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဖိလစ်ပိုင်နိုင်ငံသို့တင်ပို့မှု စံချိန်တင်မြင့်တက်မည်ဟုခန့်မှန်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည်အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများတင်ပို့သည့် ကုန်တင်သေတ္တာများ၂၀၂၃ခုနှစ်အတွင်း ပိုမိုဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်က သင်္ဘောတင်ပို့မှုစံချိန်ထက်မြင့်တက်ခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းက အိမ်ထောင်စုများ၏ အသုံးစရိတ်များ သုံးစွဲနိုင်မှုပိုမိုအားကောင်းလာသည့်နည်းတူ ဟိုတယ်နှင့်စားသောက်ဆိုင် လုပ်ငန်းများပြားလာခြင်းကလည်း အမေရိကန်နိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများအား တင်ပို့နိုင်သည့်နည်းလမ်းတစ်ခုဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဘီလီယံဒေါ်လာ ၃.၅၆ ထိ ရောက် ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင်လည်း အမေရိကန်စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအတွက် အခွင့်အရေးများပိုမိုရရှိခဲ့ပါကြောင်း US Department of Agriculture (USDA) ၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားပါသည်။

ထို့ပြင်ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့မှုအများဆုံးနိုင်ငံများအနက် (၈)နိုင်ငံမြောက်နေရာတွင် ရပ်တည်လျက်ရှိပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဂျီဒီပီသည်၂၀၂၃ ခုနှစ်တွင် ၆% ခန့်ထိရှိလာနိုင်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် အလယ် အလတ်နှင့်ဝင်ငွေမြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်ကြောင်း USDA မှ ခန့်မှန်းတွက်ချက်ထားပါ သည်။ လေ့လာတွေ့ရှိချက်များအရ ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းပြည်ပစိန်ခေါ်မှုများနှင့် အခက်အခဲများရှိနေသည့်ကြားမှ စီးပွားရေးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နေကြောင်း မေခရိုစီးပွားရေးညွှန်း ကိန်းများအား ကြည့်ရှုခြင်းဖြင့် သိရှိနိုင်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ Food and Beverage Manufacturing Sector တစ်ခုတည်းပင် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဘီလီယံဒေါ်လာ ၆၁.၃ ဖြင့် ၇% တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီက အဆင့်ထက် ကျော်လွန်နိုင်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အစားအစာများ အွန်လိုင်းမှ မှာယူစားသောက်ခြင်းနှင့် စားသောက်ဆိုင်များတွင် စားသောက်ခြင်းများ ပိုမိုမြင့်တက်လာပြီးအိမ်တွင်ချက်ပြုတ်စားသောက်ခြင်းလျော့နည်းလာခြင်းကလည်း အချက်တစ်ချက် အနေဖြင့်ပါဝင်ပါသည်။

Food Service Sales သည် အမေရိကန်ဘီလီယံဒေါ်လာ ၁၄.၀၄ ဖြင့် ၁၀% ထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လျော့နည်းသွားခြင်းကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်လည်ပတ်လာခြင်းကြောင့် အပြင်တွင်စားသောက်မှုနှုန်းနှင့် အခမ်းအနားများလည်း ပိုမို ကျင်းပလာနိုင်ခြင်းတို့ကြောင့်လည်း ရောင်းအားများပြန်လည်မြင့်တက်နိုင်သည်ဟု ဖော်ပြပါရှိပါသည်။

 

 

 

Source: https://business.inquirer.net/439689/record-high-us-agri-exports-to-ph-

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News