International News

အလုပ်သမားများ အချိန်ပိုကြေးရနိုင်မည့် စည်းမျဉ်းသစ်

Last Updated:

အမေရိကန်အလုပ်သမားများ အချိန်ပိုကြေးရနိုင်သည့် စည်းမျဉ်းသစ်ကို ပြဋ္ဌာန်းရန် ၃၀-၈-၂၀၂၃ ရက် တွင် World Street Journal အွန်လိုင်းသတင်း၌ “Overtime Pay to Be Extended to Millions of Workers Under Biden Administration Plan” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

သန်းနှင့်ချီသော အမေရိကန်နိုင်ငံသားအလုပ်သမားများသည် ရက်သတ္တပတ်အတွင်း နာရီပေါင်း (၄၀) အလုပ်လုပ်ပါက အချိန်ပိုကြေးရနိုင်မည်ဖြစ်ကြောင်း သမ္မဂျိုးဘိုင်ဒင်အစိုးရအဖွဲ့က အဆိုပြုသည့် စည်းမျဉ်းအသစ်တွင် ဖော်ပြထားပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၅၅,၀၀၀) (သို့မဟုတ်) ၎င်းပမာဏအောက်နည်းသည့် ဝင်ငွေရရှိသူများ အနေဖြင့် အချိန်ပိုကြေးကို ပုံမှန်ရနိုင် (By default) မည်ဖြစ်ကြောင်း၊ ယင်းသို့ရရှိခြင်းဖြင့် သမ္မတဂျိုးဘိုင်ဒင် အစိုးရသတ်မှတ်ထားသည့် လက်ရှိတစ်နှစ်လုပ်ခလစာ အနည်းဆုံးပေးရမည့်သတ်မှတ်ချက် ပမာဏဖြစ်သော အမေရိကန်ဒေါ်လာ (၃၅,၅၆၈)ကို တိုးမြှင့်ခြင်းဖြစ်ပါကြောင်း၊ အလယ်အလတ်အဆင့်ရှိ အချိန်ပြည့်လုပ်သားများ၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၅၇,၀၀၀) ရှိပါကြောင်း၊ စည်းမျဉ်းအသစ် အဆိုပြုချက်အရ အလုပ်သမားပေါင်း (၃.၆) သန်းအထိ အချိန်ပိုကြေးရရှိမည့်သူများတွင် အကျုံးဝင်မည်ဖြစ်ပါကြောင်း၊ တစ်နှစ်အနည်းဆုံးလုပ်ခလစာသတ်မှတ်ချက်အပေါ် (၃) နှစ်တစ်ကြိမ်တိုးမြှင့်လိုသဖြင့် ယခုကဲ့သို့ အချိန်ပိုကြေးတိုးမြှင့်သည့် စည်းမျဉ်းအသစ်ကို တင်ပြခြင်းဖြစ်ပါကြောင်း၊ အချိန်ပိုကြေးကို အထူးသဖြင့် နာရီပိုင်း အလုပ်သမားများကိုသာပေးလေ့ရှိပြီး တစ်ပတ်အလုပ်ချိန် နာရီ(၄၀) ကျော်ရှိသည့် မန်နေဂျာနှင့် အခြားလခစားဝန်ထမ်းများကို ပေးလေ့မရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပြုထားသည့် စည်းမျဉ်းအသစ် အတည်ပြုရန် လနှင့်ချီကြာမြင့်နိုင်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News