International News

အမေရိကန်၏ အလုပ်အကိုင်ဈေးကွက်တွင် အလုပ်အကိုင် လျော့ကျလာ

Last Updated:

အမေရိကန်၏ အလုပ်အကိုင်ဈေးကွက် လုံးဝရပ်ဆိုင်းသွားခြင်းမဟုတ်ဘဲ အလုပ်အကိုင် လျော့ကျ လာခြင်းသာဖြစ်ကြောင်း  ၂၉-၈-၂၀၂၃ ရက်တွင် World Street Journal အွန်လိုင်းသတင်း၌ “Job Market Cools but Is Far From Freezing” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

အမေရိကန်နိုင်ငံ၌ ကူးစက်ရောဂါစတင်ဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားလိုအပ်ချက် လျော့နည်းလာခဲ့သော်လည်း  အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏အလုပ်သမားများကို လျော့ချရန် အချိန်ယူဆောင်ရွက် လျက်ရှိပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မဖြည့်တင်းနိုင် သေးသည့် အလုပ်အကိုင်ပေါင်း (၉.၂) သန်း ရှိခဲ့သော်လည်း ဇူလိုင်လကုန်တွင် (၈.၈) သန်းသို့ ကျဆင်းခဲ့ပါကြောင်း၊ ယင်းသို့ကျဆင်းခဲ့ သော်လည်း အလုပ်လက်မဲ့ဦးရေနှင့် တွက်ချက်ပါက လူတစ်ဦးလျှင် အလုပ်အကိုင်ပေါင်း (၁.၅) နေရာခန့်ရှိပြီး အလုပ်အကိုင်ကောင်းမွန်သည့် ၂၀၁၉ ခုနှစ်တွင် လူတစ်ဦးလျှင် (၁.၂)နေရာသာရှိသဖြင့် ယခုနှစ်တွင် အလုပ်အကိုင်ပို၍ကောင်းမွန်လျက်ရှိပါကြောင်း၊ သို့ရာတွင် အလုပ် အကိုင် ဈေးကွက်သည် လျော့ကျလာသည်ဟု မှတ်ယူနေကြဆဲဖြစ်ပါကြောင်း၊ အလုပ်မှနုတ်ထွက်နှုန်းသည် ဇွန်လတွင် (၃.၈) သန်းရှိခဲ့ရာမှ ဇူလိုင်လတွင် (၃.၅) သန်းသို့ ကျဆင်းခဲ့ပါကြောင်း၊ အလုပ်မှနုတ်ထွက်နှုန်းမှာ အလုပ်ခန့်ထားမှု စုစုပေါင်း၏ (၂.၃) ရာခိုင်နှုန်းအထိရှိသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အလုပ်မှနုတ်ထွက်နှုန်းအနည်းဆုံး ဖြစ်သည်ကိုတွေ့ရပါကြောင်း၊ အလုပ်သမားတစ်ဦး အလုပ်မှနုတ်ထွက်ရခြင်းသည် အခြားပိုကောင်းပြီး လစာပိုများသည့် အလုပ်ကိုရရှိ၍ ဖြစ်နိုင်ပါကြောင်း၊ ယခင်နှစ်များအတွင်း ဖော်ပြခြင်းမခံရသည့်ကိစ္စရပ် တစ်ခုမှာ အလုပ်သမားအလုပ် ထုတ်ခံရမှု အရေအတွက်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကုမ္ပဏီများမှ အလုပ်သမား လျော့ချမှုအရေအတွက်မှာ (၁.၅၆) သန်းရှိပြီး ကာလတူဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အလုပ်သမားလျော့ချမှုအရေအတွက် (၁.၅) သန်း ရှိသည်ကိုတွေ့ရပါကြောင်း၊ ယခင်နှစ်များ အတွင်း ကဏ္ဍများစွာတွင် အမြတ်ရရှိမှုနည်းသော်လည်း အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏ အလုပ်သမားများကို လျော့ချမှု မပြုလုပ်ခြင်းမှာ ယင်းလျော့ချလိုက်သည့်အလုပ်သမားများက ၎င်း၏ကုမ္ပဏီတွင် ပြန်၍အလုပ် မလုပ်တော့မည်ကို စိုးရိမ်၍ဖြစ်ပါကြောင်း၊  ကျန်းမာရေးစောင့်ရှောက်မှု၊ အပန်းဖြေအနားယူခြင်းနှင့် ဝန်ဆောင်မှုပေးသည့်နယ်ပယ်များရှိ အလုပ်သမားလိုအပ်ချက်မှာများ နေဆဲဖြစ်ပါကြောင်း၊ အကယ်၍ စီးပွားရေး ပြန်လည်ကောင်းမွန်လာပါက အလုပ်သမားမလုံလောက်သည့်လုပ်ငန်းများမှာ လုပ်ငန်းတိုးတက်မှုအခွင့်အလမ်းကို ဆုံးရှုံးသွားမည်ကို စိုးရိမ်၍ ဖြစ်ပါကြောင်းဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News