International News

ဥရောပသမဂ္ဂကော်မရှင်မှ ဖိလစ်ပိုင်နိုင်ငံအား EU-GSP အစီအစဉ် သက်တမ်းတိုးပေးလိုကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှပြောကြား

Last Updated:

ဥရောပသမဂ္ဂကော်မရှင်မှ ဖိလစ်ပိုင်နိုင်ငံအား EU-GSP အစီအစဉ် သက်တမ်းတိုးပေးရန် အဆိုပြုထားပြီး အဆိုပါအစီအစဉ်အရ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅-၂၀၂၈ ထိပို့ကုန်ကဏ္ဍတွင် ဦးစားပေး အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂကော်မရှင်မှ သဘောတူစာချုပ်မူကြမ်းအား ထုတ်ပြန်ကြေညာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအား လက်ရှိ EU-GSP အစီအစဉ်ဆိုင်ရာ စည်းမျဉ်းများနှင့်စပ်လျဉ်း၍  ၂၀၂၇ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၄ နှစ် သက်တမ်းတိုးရန် ဖော်ပြထားပါကြောင်း၊ GSP အစီအစဉ်သစ်အတွက် ဥပဒေဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပြီးစီးရန် အချိန် တစ်ခုစောင့်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂကော်မရှင်သည် ဥပဒေဆိုင်ရာကိစ္စရပ်များအတွက် အဆိုပြုချက်များရေးဆွဲသွားရမည်ဖြစ်ပြီး  လက်ရှိ GSP  အစီအစဉ် သက်တမ်းကုန်ဆုံးမည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းကာလများတွင် လုပ်ငန်းဆက်လက်ဆောင်ရွက်ရာ၌ အဆိုပါ အဆိုပြုချက် အထောက်အထားများမှာ အရေးကြီးလိုအပ်ပါကြောင်း၊ အဆိုပြုချက်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးတိုင်းပြည်များသို့ ပေးထားသည့် Everything But Arms (EBA) ရနိုင်ငံများနှင့် အီးယူနှင့် အခွင့်အရေးခံစားနေသည့် နိုင်ငံများ (ဖိလစ်ပိုင်)တို့မှ စီးပွားရေးထိခိုက်မှုရှိသည့် ကုမ္ပဏီများမှအပ GSP အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်ခြင်း မရှိတော့ပါက GSP အစီအစဉ်ဖြင့် တင်သွင်းသည့် ကုန်ပစ္စည်းများမှာ  Standard most favoured nation အစီအစဉ်သို့ ပြောင်းသွားမည်ဖြစ်ပါကြောင်းဟူသည့် ဖော်ပြချက်ပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။

လက်ရှိ GSP အစီအစဉ်မှာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် GSP အစီအစဉ် အသစ်အား အမြန်ဆုံးအဆိုပြုလျှောက်ထားနိုင်ရေး ဥရောပသမဂ္ဂကော်မရှင်မှ အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ၊ သက်တမ်းတိုးပေးသည့် အစီအစဉ်မှာ အချိန်အခါသင့် ပေါ်ထွက်လာမည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွက် အခွင့်အလမ်းအသစ်အများအပြား ဖန်တီပေးနိုင်ရန် မျှော်လင့်ပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ပြောကြားခဲ့ကြောင်းဖော်ပြပါရှိပါသည်။

GSP အစီအစဉ်အသစ်သည် ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်ကဏ္ဍအား သိသိသာသာ တိုးမြင့်စေနိုင်ပြီး အီးယူဈေးကွက်တွင် ယှဉ်ပြိုင်ခွင့်ရရှိနိုင်ပြီး ပို့ကုန်တန်ဖိုးမြင့်တက်လာနိုင်မည်ဖြစ်သည့်အပြင် အီးယူ နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုလည်း တိုးမြှင့်နိုင်မည်ဖြစ်ပါကြောင်း၊ GSP အစီအစဉ်သည် ဖိလစ်ပိုင်နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အီးယူသို့ ပို့ကုန်တင်ပို့ရာတွင် အကောက်ခွန်နှုန်း သုည ရာခိုင်နှုန်းပေးထားသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ သက်တမ်းတိုးနိုင်ပါက ဖိလစ်ပိုင်နိုင်ငံရှိ ပို့ကုန်တင်ပို့သူများအနေဖြင့် ဈေးကွက်ပိုမိုချဲ့ထွင်လာနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများအား လျှော့ချပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ၎င်းတို့၏ ကုန်ပစ္စည်းများအား ပိုမိုတင်ပို့ရောင်းချသွားနိုင်မည် ဖြစ်ပါသည်။

ထို့ပြင် ဥရောပကုမ္ပဏီများကိုလည်း ဖိလစ်ပိုင်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရေး ဆွဲဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်းဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး အနေဖြင့် အခြားအစိုးရဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ GSP အစီအစဉ်အရ အကျိုးခံစားခွင့်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန် မျှဝေသွားမည်ဖြစ်ပြီး ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများကိုလည်း GSP အစီအစဉ်နှင့် အလားအလာရှိသော အကျိုးခံစားခွင့်များအား သိရှိစေရန် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်းဖော်ပြပါရှိပါသည်။

ဥရောပသမဂ္ဂမှ ပေးသည့် GSP အစီအစဉ် ၃ မျိုးရှိပြီး GSP၊ GSP+ ၊ Everything But Arms (EBA) တို့ ဖြစ်ပါသည်။ Standard GSP မှာ ဝင်ငွေနည်းပါးသောနိုင်ငံနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများအား အီးယူ အကောက်ခွန်လိုင်းများ၏ သုံးပုံနှစ်ပုံပေါ်တွင် အကောက်ခွန်အပြည့်အဝ လျှော့ချပေးသည့် အစီအစဉ်တစ်ခုဖြစ်ပါသည်။

GSP+ အစီအစဉ်ပေးထားသည့် နိုင်ငံများတွင် ဖိလစ်ပိုင်ပါဝင်ပြီး အဆိုပါအစီအစဉ်မှာ ဝင်ငွေနည်းပါးသောနိုင်ငံနှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများအနက် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ ကောင်းမွန်သောအစိုးရ စသည့်အချက်များနှင့် စပ်လျဉ်းသည့် နိုင်ငံတကာသဘောတူညီချက် ၂၇ ချက် အပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် နိုင်ငံများအား အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ပေးအပ်ခြင်းဖြစ်ပြီး Standard GSP ကဲ့သို့သော အကောက်ခွန်လိုင်းများအပေါ်တွင် အကောက်ခွန် သုည ရာခိုင်နှုန်းထိ လျှော့ချပေးသည့် အစီအစဉ် ဖြစ်ပါသည်။

EBA အစီအစဉ်မှာ ဝင်ငွေအနိမ့်ဆုံးနိုင်ငံများသို့ပေးသည့် အထူးအစီအစဉ်တစ်ရပ်ဖြစ်ပြီး ကန့်သတ်ထားသည့်ပစ္စည်းများနှင့် စစ်လက်နက်ပစ္စည်းများမှအပ အီးယူဈေးကွက်သို့ အခွန်ကင်းလွတ် ခွင့်နှင့် Quota-free တို့ဖြင့် တင်ပို့နိုင်သည့် အစီအစဉ်တစ်ရပ်ဖြစ်ပါသည်။

 

 

Source: https://businessmirror.com.ph/2023/07/06/ec-move-to-extend-eu-gsp-bodes-well- for-phl-says-dti/

(စီးပွားရေးသံမှူး၊မနီလာမြို့) 

            

Category: International News