International News

တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်တင်သွင်းမှုနှုန်းသည် ပို့ကုန်တင်ပို့မှုနှုန်းထက် လျှင်မြန်စွာကျဆင်းနေခြင်းကြောင့် ဒုတိယသုံးလပတ်အတွင်း GDP ၀.၆ ရာခိုင်နှုန်း မြင့်မားလာ

Last Updated:

၂၀၂၃ ခုနှစ်၊ ဒုတိယသုံးလပတ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံ၏ သွင်းကုန်တင်သွင်း မှုနှုန်းသည် ပို့ကုန်တင်ပို့မှုနှုန်းထက် လျှင်မြန်စွာကျဆင်းခဲ့သည့်အတွက် နိုင်ငံ၏စီးပွားရေးသည် ၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်ကာလကထက် GDP ၀.၆ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ပါသည်။ ၂၀၂၂ ခု နှစ်၊ ဒုတိယသုံးလပတ်ကာလတွင် နိုင်ငံ၏စီးပွားရေး ၀.၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီးသည့် နောက်ပိုင်း သုံးလပတ်အလိုက် တိုးတက်မှုနှုန်းတွင် အလျှင်မြန်ဆုံးဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ်၊ ပထမသုံးလပတ်ကာလ (ဧပြီလမှဇွန်လအထိ) အတွင်း နိုင်ငံ၏စီးပွားရေးသည် ၀.၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်ဖြစ်သည့် (၆) လတာ ကာ လအတွင်း နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (Gross Domestic Product- GDP) သည် ၀.၉ ရာခိုင်နှုန်း မြင့်မားခဲ့ပါသည်။ GDP တိုးတက်ခဲ့သော်လည်း ကုန်သွယ်မှုဆိုင်ရာ အချက် အလက်များကောင်းမွန်မှု မရှိခြင်းကြောင့် နိုင်ငံ၏တစ်ဦးချင်းဝင်ငွေ (Gross National Income - GNI) သည် ၀.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်လာခြင်းသည် သွင်းကုန်ကျဆင်းမှုကြောင့် တိုးတက်ခြင်းဖြစ်သည့်အတွက် ပြသာနာရှိကြောင်း၊ သွင်းကုန်တင်သွင်းမှု ပမာ ဏက ပို့ကုန်တင်ပို့မှုပမာဏထက် များလာသည်နှင့်တစ်ပြိုင်နက် GDP တိုးတက်မှုလည်းရှိနိုင်မည် မဟုတ်ပါကြောင်း ကိုရီးယားစီးပွားရေးသုတေသနတက္ကသိုလ် (Economic Research Institute -KERI) မှ စီးပွားရေးရာမူဝါဒအသင်းခေါင်းဆောင် Lee Sang-ho ကပြောကြားခဲ့ပါသည်။

သွင်းကုန် တင်သွင်းမှုကျဆင်းခဲ့ခြင်းမှာ ပထမသုံးလပတ်ကာလအတွင်း ရေနံစိမ်းနှင့်သဘာ ဝဓါတ်ငွေ့သိုလှောင်ထားရှိမှု လက်ကျန်အလုံအလောက်ရှိခဲ့သည့်အတွက် ဒုတိယသုံးလပတ်ကာ လအတွင်း တင်သွင်းမှုကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ ပို့ကုန်တင်ပို့မှုတွင်  တစ်ပိုင်းလျှပ်ကူးပစ္စည်းများ နှင့် ကားများတင်ပို့ရမှုမြင့်မားခဲ့သော်လည်း ရေနံထွက်ပစ္စည်းများကို ပြည်ပမှ ဝယ်လိုအားလျော့ နည်းခဲ့သည့်အတွက်  ပို့ကုန်တင်ပို့မှုလည်း ကျဆင်းခဲ့ပါသည်။ ဒုတိယသုံးလပတ်ကာလအတွင်း ပုဂ္ဂလိကသုံးစွဲနှုန်း ၀.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အပြင် အစိုးရအသုံးစရိတ်လည်း ၂.၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာ မည်ဆိုသော အစိုးရ၏ခန့်မှန်းချက်အပေါ် မေးခွန်းထုတ်ရဖွယ်ရှိသည်ဟု  ဂေါင်ဂုတက္ကသိုလ်(Kon- kuk University) မှ စီးပွားရေး ပါမောက္ခ Kwon Nam-hoon ကပြောကြားခဲ့ပါသည်။ ဩဂုတ်လအတွင်းက  စားသုံးသူဈေးနှုန်းများ မျှော်လင့်သည်ထက် လျှင်မြန်စွာမြင့်မားပြီး  ၃.၄ ရာခိုင်နှုန်း အထိ မြင့်မားလာသည့်အတွက် ၂၀၂၃ ခုနှစ်၏ ကျန်ရှိကာလတွင် ငွေကြေးဖောင်းပွမှုကြောင့် စားသုံးသူသုံးစွဲမှုနှုန်း ပြန်လည်ကောင်းမွန်လာစေရန် အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ နိုင်ငံ၏ အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံသည်လည်း အိမ်ခြံမြေဈေးကွက်အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းကြောင့် တရုတ်နိုင်ငံ၏ ပြည်ပဝင်ထွက်ခွင့် ပြန်လည်ဖွင့်လှစ်မှုအပေါ်အားထားပြီး စီးပွားရေးပြန်လည်နလန်ထူလာရန် မျှော်လင့်နေသည့် တောင်ကိုရီးယားနိုင်ငံအတွက် သတိပြုစရာ ဖြစ်ပါကြောင်း စီးပွားရေးပါမောက္ခ Kwon Nam-hoon ကပြောကြားခဲ့ပါသည်။

 

 

Source; https://www.koreatimes.co.kr/www/biz/2023/09/488_358556.html

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News