International News

ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုး

Last Updated:

ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အား ၅-၉-၂၀၂၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 43rd ASEAN Summit Jarkata အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုစာချုပ်သည် ဖိလစ်ပိုင်နှင့် ကိုရီးယားနှစ်နိုင်ငံကြား G-G နှင့် P-P နှစ်ခုစလုံးတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခင်ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတမားကို့စ်မှ ပြောကြားခဲ့ ပါသည်။

ကိုရီးယားသမ္မတ Yoon Suk Yeol မှလည်း ဖိလစ်ပိုင်နိုင်ငံတွင် နျူကလီးယားစက်ရုံတစ်ခု ပြောင်းရွှေ့လုပ်ကိုင်သွားရန် ခွင့်ပြုခဲ့သည့်အတွက် လုပ်ငန်းစဉ်တလျှောက်အရေးကြီးသောပစ္စည်း ကိရိယာများအသုံးချနိုင်ရေး နိုင်ငံခြားတွင်အလုပ်လုပ်ကိုင်လျက်ရှိသောဖိလစ်ပိုင်နိုင်ငံသား (Overseas Filipino Workers – OFWs) များအား Employment Permit System အောက်မှ ပိုမိုခေါ်ယူသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

ဖိလစ်ပိုင်သမ္မတမားကို့စ်မှလည်း ကိုရီးယားနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအ တွက်ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးခဲ့သည့်အပြင် ကိုရီးယားနိုင်ငံ၏အတွေ့အကြုံများကိုပါ မျှဝေပေးခဲ့သည့် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ လေတပ်ကို ခေတ်မှီတိုးတက်စေရန်နှင့် တောင်တရုတ်ပင်လယ်အရေးကိစ္စတို့တွင် ဆက်လက်ပံ့ပိုးကူညီပေးသွားရန်ကိုလည်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ကိုရီးယားလူမျိုးများမှာ အလည်အပတ်လာရောက်မှု အများဆုံးစာရင်းတွင် ဆက်လက်ရပ်တည်နေပါကြောင်းနှင့် ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အားနှစ်ဖက်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးတို့မှသမ္မတမားကို့စ်နှင့် သမ္မတယွန်း တို့ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အဆိုပါ သဘောတူညီချက်စာချုပ်အရ နှစ်နိုင်ငံကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတို့အားတိုးမြှင့်သွားနိုင်မည်ဖြစ်ပါကြောင်း၊ဖိလစ်ပိုင်နိုင်ငံအနေဖြင့်လည်း ကိုရီးယားနိုင်ငံသို့ ရာသီပေါ်သီးနှံများတင်ပို့သည့် ဈေးကွက်အား ချဲ့ထွင်သွားနိုင်မည်ဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်လည်း ဦးစားပေးကဏ္ဍဖြစ်သည့် စက်မှုကဏ္ဍတွင်လည်း ယခုထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံအတွက် အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၅.၄၅ ဘီလီယံထိရှိခဲ့ပြီး စတုတ္ထနေရာတွင် ရပ်တည်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၉၀.၆၂ သန်း ရှိပြီး ဆဌမနေရာတွင် ရပ်တည်လျက်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

Source; https://pco.gov.ph/news_releases/ph-south-korea-free-trade-agreement-signed/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News