International News

ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ဆန်တင်သွင်းမှု (၅)နှစ် သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးရန်ကိစ္စ ဆွေးနွေး

Last Updated:

၅-၉-၂၀၂၃ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 43rd ASEAN Summit အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် ဖိလစ်ပိုင်သမ္မတမားကို့စ်သည် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh နှင့်နှစ်ဦးတည်းတွေ့ဆိုဆွေးနွေးရာတွင် ဗီယက်နမ်ဝန်ကြီးချုပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မည့် ၅ နှစ် သဘောတူညီချက် ဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ မှုအပေါ် သမ္မတမားကို့စ်မှ ကြိုဆိုထောက်ခံခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းက ဖိလစ်ပိုင်နိုင်ငံတွင် ဆန်ရိက္ခာဖူလုံမှုရှိစေပြီး ဈေးနှုန်းတည်ငြိမ်စေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြပါသည်။

ဗီယက်နမ်ဝန်ကြီးချုပ်မှနှစ်နိုင်ငံကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆန်သည် ဈေးကွက်မှ ဆုံးဖြတ်သတ်မှတ်ပေးသည့် ကုန်ပစ္စည်းတစ်ခုဖြစ်ပြီး လက်တလောဖြစ်ပေါ်လျက်ရှိသည့် ဈေးကွက်မတည်ငြိမ်မှုအခြေအနေများ ကြောင့် နိုင်ငံတိုင်းမှ ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ သို့သော် ဆန်တင်သွင်းမှုနှစ်ရှည် အစီအစဉ်သည်လည်း အရေးကြီးသောကိစ္စရပ်တစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွက်သာမကဒေသတွင်း နိုင်ငံများအကြား တည်ငြိမ်သောအခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြော ကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ဆန်တင်သွင်းခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာအား ၂၀၁၈ ခုနှစ်၊ မေလ က သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ ဆန်တန်ချိန်စုစုပေါင်း ၁,၅၀၀,၀၀၀ မက်ထရစ်တန် တင်ပို့ခဲ့ပါ သည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လတွင် ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းခြင်းဆိုင်ရာ ဖြေလျှော့မှု များ ဆောင်ရွက်ခဲ့ပြီး Rice Tariffication Act (RA 110203) အရ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင် အဖွဲ့ (National Food Authority – NFA) အောက်မှ  G-G ဆန်တင်သွင်းမှုအား ရပ်ဆိုင်းခဲ့ပါသည်။

သို့သော် ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံကြား နှစ်နိုင်ငံဆန်ကုန်သွယ်မှုမှာ ဆက်လက်ကောင်းမွန် လျက်ရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုစုစုပေါင်း၏ ၉၀ % မှာ ဗီယက်နမ်နိုင်ငံမှဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လထိ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ စုစုပေါင်းတန်ချိန် ၄.၈၄ သန်း မက်ထရစ်တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂.၅၈ ဘီလီယံ ရှိပါကြောင်း ဖော်ပြပါရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ပထမ ၅ လအတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ တန်ချိန် ၁.၅ သန်း တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၇၂.၄ သန်းရှိပြီး ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းဆန်တင်ပို့မှု ၏ ၄၂.၃ % ခန့်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား ငါးလုပ်ငန်းကဏ္ဍ၊ ရေလုပ်ငန်းကဏ္ဍတို့တွင် လည်းပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကိုလည်းဆွေးနွေးပြောကြားခဲ့ပါကြောင်းသိရှိရပါသည်။

 

 

Source; https://pco.gov.ph/news_releases/pbbm-welcomes-5-year-importation-of-rice-increased-maritime-fishery-cooperation-with-vietnam/

( စီးပွားရေးသံမှူး၊ မနီလာမြို့) 

Category: International News