International News

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ရိက္ခာ ၇ မက်ထရစ်သန်းသည် နောက်လာမည့် လအနည်းငယ်အထိ လုံလောက်မှုရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံတွင် ဆန်ရိက္ခာ တန်ချိန် မက်ထရစ်တန် ၇ သန်း ရှိပြီး ပြည်တွင်းဖူလုံမှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့က အတည်ပြုပြောကြားခဲ့ပါသည်။ ရိတ်သိမ်းချိန် ကာလအတွင်း ခြောက်သွေ့ရာသီဖြစ်သည့်အတွက် ကောင်းမွန်သည့်အခြေအနေ ဖြစ်ကြောင်းနှင့် အထွက်နှုန်း စုစုပေါင်း မက်ထရစ် တန် ၅.၇ သန်းခန့်ရှိမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာန၏ တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။ အစီရင်ခံသည့်ကာလအတွင်း ဆန်တန်ချိန်စုစုပေါင်း မက်ထရစ်တန်၁.၉ သန်းအား တင်သွင်းခဲ့ပါကြောင်း၊ မိမိတို့၏ ပြည်တွင်းဆန်ရိက္ခာမှာ လိုအပ်ချက် ပမာဏထက်ပိုမို ရှိနေပါကြောင်းနှင့် လာမည့် လအနည်းငယ်အထိ ဖူလုံပါကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံတွင် ယခုအချိန်သည် စိုက်ပျိုးချိန်အမြင့်ဆုံးကာလ ဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် ရိတ်သိမ်းချိန်ဖြစ်သည့်အတွက်ဆန်လုံလောက်မှုရှိပါကြောင်း၊ တစ်ဖက်တွင်လည်း အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)၏ ပြည်တွင်းအရန်ဆန် ရိက္ခာပမာဏမှာ တစ်နိုင်ငံလုံးရှိဆန်လက်ကျန်ပမာဏနှင့် ကွာခြားမှုရှိနေကြောင်း ဖော်ပြထားပါသည်။

ယခင်က  အစိုးရအနေဖြင့်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority-NFA)မှတစ်ဆင့် ဆန်ဝယ်ယူခဲ့သော်လည်း ယခုအခါ NFA အနေဖြင့် အရေးပေါ်အခြေအနေမှသာ နိုင်ငံတော်သမ္မတမှ ခွင့်ပြုသည့်ပမာဏအတိုင်း ဆန်ဝယ်ယူခွင့် ရှိပါသည်။ ပုဂ္ဂလိကအနေဖြင့် ဆန်တင် သွင်းခွင့်ရရှိထားကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူမှ ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ၂၀၂၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးသတင်းပတ်က ဝင်ရောက်တိုက်ခတ်ခဲ့သည့် စူပါတိုင်ဖွန်း Egay ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည့် တောင်သူလယ်သမားများအနေဖြင့် စိုက် ပျိုးရေးဝန်ကြီးဌာန၏ ကူညီထောက်ပံ့မှုများအား လိုအပ်နေပါကြောင်းနှင့် အစိုးရအနေဖြင့်လည်း လိုအပ်သော အထောက်အပံ့များအား ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 ယခုကာလအတွင်း  ဟင်းသီးဟင်းရွက်များအား စိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုအား တိုးမြှင့်သွားမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားပါသည်။

 

 

Source; https://www.pna.gov.ph/articles/1206956

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

 

Category: International News