International News

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် သမ္မတထရမ့်သတ်မှတ်ခဲ့သည့် အကောက်ခွန်နှုန်းထားကို ပယ်ဖျက် ရန် ကြိုးပမ်းလျက်ရှိ

Last Updated:

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် သမ္မတထရမ့် သတ်မှတ်ခဲ့သည့် အကောက်ခွန်နှုန်းထားကို ပယ်ဖျက်သွားရန် ကြိုးပမ်းလျက်ရှိကြောင်း The Wall Street Journal အွန်လိုင်းသတင်း၌ ၂၀-၁၀-၂၀၂၃ ရက်နေ့တွင် “U.S. and Europe Struggle to Put Trump – Era Tariffs Behind Them” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် ၂၀-၁၀-၂၀၂၃ ရက်နေ့တွင် ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးမတိုင်မီ သံမဏိနှင့်အလူမီနီယမ် ကုန်စည်များအပေါ်အကောက်ခွန်နှုန်း သတ်မှတ် ချက်ကိုပယ်ဖျက်ရန် သဘောတူညီမှုမရရှိသေးကြောင်း၊ ထိုအငြင်းပွားမှုသည် အမေရိကန်၏ ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ မိတ်ဖက်နိုင်ငံများအကြား ဆက်ဆံရေးအပေါ် ထိခိုက်လာစေနိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်ဖြင့် သမ္မတထရမ့်ချမှတ်ခဲ့သည့် သတ္တုကုန်စည်များအပေါ် အကောက်ခွန်နှုန်းသတ်မှတ်ချက်ကို သမ္မတဘိုင်ဒင်က လွန်ခဲ့သော (၂)နှစ်က ဥရောပသမဂ္ဂအား ခေတ္တဆိုင်းငံ့ပေးခဲ့ပြီး အမေရိကန်နှင့် ဥရောပဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင်တည်ဆောက်ခဲ့ကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းသူအရာရှိများက အကောက်ခွန်နှုန်းသတ်မှတ်ချက်နှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အပြီးသတ်ဆွေးနွေးရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးမှုမှာ နောက်ထပ်နှစ်လခန့် အထိကြာမြင့်နိုင်ကြောင်း၊ ဆွေးနွေးမှုအပြီးမသတ်နိုင်ပါက သမ္မတဘိုင်ဒင်အစိုးရအနေဖြင့် အကောက်ခွန်နှုန်းသတ်မှတ်ချက်ကို ယခုအတိုင်းဆက်လက်၍ ဆိုင်းငံ့ထားနိုင်ကြောင်း၊ အမေရိကန်အနေဖြင့် ဥရောပသမဂ္ဂမှ သတ္တုထုတ်လုပ်တင်ပို့သူများအား အကောက်ခွန်နှုန်း သတ်မှတ်ချက်ကို ဆိုင်းငံ့ကာကင်းလွတ်ခွင့်ပေးထားသော်လည်း “အမေရိကန်တွင်ထုတ်လုပ်သည်” (Made-in-America) ဆိုသောအချက်နှင့် ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေအရ လျှပ်စစ်မော်တော်ကားဘတ္ထရီများအပေါ် ထောက်ပံ့ငွေပေးခြင်းတို့ကြောင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှု များ ၂၀-၁၀-၂၀၂၃ ရက်နေ့အထိ ပြေလည်မှုမရရှိသေးကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် ပထဝီနိုင်ငံရေးအရ မဟာမိတ်နိုင်ငံများ ဖြစ်ကြကြောင်း၊ သို့ရာတွင် နှစ်ဖက်အရာရှိများအနေဖြင့် သမ္မတထရမ့်ချမှတ်ခဲ့သည့် သတ္တုကုန်စည်အပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားအပါအဝင် အမေရိကန်၏ သန့်ရှင်းသောစွမ်းအင် နည်းပညာအပေါ် ထောက်ပံ့ငွေပေးခြင်းမှာ မျှတမှုမရှိသည့် လုပ်ရပ်ဖြစ်သည်ဟု ဥရောပသမဂ္ဂ အရာရှိအချို့ကထင်မြင်ကြကြောင်း၊ ထိုအကောက်ခွန်နှုန်းကို မဖြေရှင်းနိုင်ပါက ၂၀၂၄ ခုနှစ်၊ အမေရိကန်ရွေးကောက်ပွဲ ပြီးနောက်ပိုင်းတွင် ပို၍ဆိုးရွားလာနိုင်ကြောင်း၊ ရီပါဘလစ်ကန်ပါတီ၏ သမ္မတလောင်းနေရာတွင် ထရမ့်ဦးဆောင်လျက်ရှိပြီး ထရမ့်သာ သမ္မတအဖြစ်ရွေးကောက်ခံရပါက အကောက်ခွန်နှုန်းအသစ် ထပ်မံတိုးမြှင့်ကောက်ခံနိုင်ကြောင်း သိရှိရပါသည်။

ဥရောပသမဂ္ဂက ၂၀၂၄ ခုနှစ်၊ အမေရိကန်ရွေးကောက်ပွဲမတိုင်မီ အကောက်ခွန်နှုန်းကို ပယ်ဖျက်ရန် အဆိုပြုကြသော်လည်း အကောက်ခွန်နှုန်းကို လက်ရှိတွင် ခေတ္တဆိုင်းငံ့ထားလိုပြီး နောက်ပိုင်းမှသာ ပယ်ဖျက်လိုကြောင်း အမေရိကန်ဖက်မှ အဆိုပြုကြောင်း သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News