International News

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Taiwan Semiconductor Manufacturing Company (TSMC) တို့အကြား နည်းပညာမြင့် Semiconductors ထုတ်လုပ်ရန် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုး

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Taiwan Semiconductor Manufacturing Company (TSMC) တို့အကြား နည်းပညာမြင့် Semiconductors ထုတ်လုပ်ရန် ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန (Department of Commerce) ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ချက်အရ သိရှိရပါသည်။  

သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် TSMC Arizona Corporation တို့သည် CHIPS and Science Act အရ နည်းပညာမြင့် Semiconductors ထုတ်လုပ်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆.၆)ဘီလီယံကို တိုက်ရိုက်ထောက်ပံ့မည့် ပဏာမ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ယင်းရန်ပုံငွေအစီအစဉ်အရ TSMC ၏ ဖီးနစ်နှင့် အရီဇိုးနားပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ ကမ္ဘာ့အဆင့်အမြင့်ဆုံး Semiconductors ထုတ်လုပ်ရန်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၆၅) ဘီလီယံကို အမေရိကန် အစိုးရက ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါကြောင်း၊ ဤပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် အမေရိကန်နိုင်ငံ၏ ပြည်တွင်း Chips ထုတ်လုပ်မှုနှင့် ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် (Artificial Intelligence (AI) Boom)နှင့် အီလက်ထရောနစ်၊ မော်တော်ယာဉ်၊ Internet of Things (IOTs) နှင့် စွမ်းဆောင်ရည်မြင့်ကွန်ပျူတာနည်းပညာစသည့် လျင်မြန်တိုးတက်လျက်ရှိသော စက်မှုလုပ်ငန်းကဏ္ဍများကို ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးနယ်ပယ်တွင် တိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ TSMC သည် Semiconductors ထုတ်လုပ်သည့်စက်ရုံ (၂) ရုံတည်ထောင်ရန် ကနဦး ကြေညာခဲ့ပြီး ၂၀၃၀ ပြည့်နှစ်မတိုင်မီ နောက်ထပ်စက်ရုံတစ်ရုံကို တည်ထောင်သွားမည်ဖြစ်သဖြင့် စုစုပေါင်း စက်ရုံ (၃) ရုံ တည်ထောင်သွားမည်ဖြစ်ကြောင်း၊ TSMC အနေဖြင့် အရီဇိုးနားပြည်နယ်အတွင်း ၌ နည်းပညာမြင့်စက်ရုံများ တည်ရှိရာဒေသတစ်ခု ဖြစ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ယင်းစက်ရုံများတွင် အလုပ်အကိုင်ပေါင်း (၆,၀၀၀) ခန့် ခန့်ထားနိုင်မည်ဖြစ်ကာ စက်ရုံတည်ဆောက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်အကိုင်ပေါင်း (၂၀,၀၀၀) ကျော်နှင့် ယင်းစက်ရုံများနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင်လည်း အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် Chips ကို စတင်တီထွင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ Chips ဈေးကွက်၏ (၄၀) ရာခိုင်နှုန်းကို ထုတ်လုပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထုတ်လုပ်မှုစွမ်းရည် ကျဆင်းခဲ့ကာ ဈေးကွက်၏ (၁၀) ရာခိုင်နှုန်းသာ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊  နည်းပညာမြင့် Chips ထုတ်လုပ်နိုင်မှုမရှိခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအပေါ် အားနည်းချက်ဖြစ်စေခဲ့ကြောင်း၊ ထို့ကြောင့် သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေ ဖြင့် CHIPS and Science Act အရ Semiconductors ထုတ်လုပ်မှုနှင့် ယင်းကဏ္ဍတွင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဖြစ်ကြောင်း၊  TSMC ၏ စက်ရုံများ တည်ဆောက်ပြီးပါက ကမ္ဘာ့နည်းပညာအမြင့်ဆုံး Chips ကို ထုတ်လုပ်နိုင်မည့်အပြင် ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နည်းပညာ အမြင့်ဆုံး Semiconductors ဈေးကွက်၏ (၂၀) ရာခိုင်နှုန်းအထိ ရရှိလာနိုင်မည်ဖြစ်ပါကြောင်းသိရှိရပါ သည်။

သို့ဖြစ်ပါ၍ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နည်းပညာမြင့် Semiconductors ထုတ်လုပ် ရာတွင် ဈေးကွက်ဝေစုရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများအား သိရှိနိုင်ပါရန် တင်ပြအပ်ပါ သည်။

                                                                                                                                                                                                   

Source: https://www.commerce.gov/news/press-releases/2024/04/biden-harris-administration-announces-preliminary-terms-tsmc-expanded          

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News