International News

တရုတ်နိုင်ငံသို့ ထိုင်းပို့ကုန် တင်ပို့မှု ၁ ရာခိုင်နှုန်း တိုးမြင့်နိုင်မည်ဟု ခန့်မှန်း

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်မှုနှေးကွေးနေသော်လည်း တရုတ်နိုင်ငံသို့ ပို့ကုန် တင်ပို့နိုင်မှုသည် ၁ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၃.၄၇ သန်း အထိ တိုးတက်လာနိုင်သည်ဟု မျှော် မှန်းထားပါကြောင်း၊ တရုတ်နိုင်ငံ Guangxi ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Cai Lixin နှင့် တွေ့ဆုံမှုအပြီးတွင် ထိုင်းနိုင်ငံ၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားလိုက်ပါသည်။

ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်တိုးမြှင့်နိုင်ရေး လုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သစ်သီးကုန်သည်များနှင့် Chanthaburi မှ ပို့ကုန်လုပ်ငန်းရှင်များအပါအဝင် ကုမ္ပဏီများမှ ကိုယ်စားလှယ် ၈၀ ဦးခန့်ကို တရုတ်နိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာလ ၁၆-၁၉ ရက်နေ့များ အတွင်း ကျင်းပမည့် China-Asean Expo သို့ စေလွှတ်သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံ ရှိခဲ့ပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၃၄.၄ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇၁ ဘီလီယံဖြစ်ပါကြောင်း၊ ယခုနှစ် ပထမ ၅ လ အတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံဖြစ်ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၂၉.၅ ဘီလီယံဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

တရုတ်နိုင်ငံက ကုန်လမ်းပို့ဆောင်ရေးအတွက် အသုံးပြုသော Youyi Guan၊ Tongxing နှင့် Pingxiang ရထားဘူတာ စစ်ဆေးရေးဂိတ်များတွင် အလိုအလျောက်စနစ်များ အသုံးပြုခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးချောမွေ့သွားပါကြောင်း၊ ယခုနှစ် ပထမ ၄ လအတွင်း FTA ပါ အကျိုးခံစားခွင့်များသည် အမေရိကန်ဒေါ်လာ၂၅.၈ ဘီလီယံရှိပါကြောင်း၊ လတ်ဆတ်သော ဒူးရင်းသီးများအတွက် ခံစားခွင့်သည် ၈၅.၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအတွင်း ဒူးရင်းသီးစိုက်ပျိုးမှု များပြားလာပြီး တရုတ်နိုင်ငံအတွင်း လူကြိုက်များလာမှုတို့ကြောင့် ဒူးရင်းသီးတင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ ၂.၀၂ ဘီလီယံထိ မြင့်တက်ခဲ့ပါကြောင်း၊ ၎င်းအပြင် ထိုင်းလုပ်ငန်းရှင်များအား FTA အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ပညာပေးသည့် လုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ Asean-China နှင့် RCEP တို့အရ တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ပါက တင်သွင်းခွန် သုညရာခိုင်နှုန်း ခံစားခွင့်ရရှိသဖြင့် ထိုင်းကုန်သည်များအတွက် ကုန်ကျစရိတ်ကို သိသိသာသာလျော့နည်းစေပါကြောင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ronnarong Phoolpipat က ပြောကြားပါသည်။

 

 

 

Source:www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News