International News

ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် QR ကုဒ် ငွေပေးချေမှုစနစ် စတင်အသုံးပြု

Last Updated:

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားကြား နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်အရ နှစ်နိုင်ငံပြည်သူများအနေဖြင့် QR ကုဒ်များကို စကင်န်ဖတ်ကာ ၎င်းတို့၏ ဒေသသုံးငွေကြေးဖြင့် တစ်ဖက်နိုင်ငံ၌ ငွေပေးချေမှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း VN Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

နှစ်နိုင်ငံဖြတ်ကျော် QR ပေးချေမှုချိတ်ဆက်မှု စတင်န်ုင်ခြင်းမှာ ဗီယက်နမ် နိုင်ငံတော်ဘဏ်နှင့် ကမ္ဘောဒီးယား အမျိုးသားဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း၏ ရလဒ်ဖြစ်သည်။

ငွေပေးချေမှုစနစ်သည် သုံးစွဲသူပြည်သူများအနေဖြင့် ကုန်ပစ္စည်းဝယ်ယူခြင်းအတွက် ဗီယက်နမ်တွင် ခမာရီးယလ် (KHR) ဖြင့်ပေးချေနိုင်ပြီး ကမ္ဘောဒီးယားတွင် ဗီယက်နမ် ဒေါင် (VND) ကို အသုံးပြုနိုင်သည့် ငွေပေးချေမှုစနစ်ဖြစ်သည်။ ခန့်မှန်းချေ ကမ္ဘောဒီးယားကုန်သည် ၁.၈ သန်းခန့်က KHOR ကုဒ်များဖြင့် စကင်န်ဖတ်ပေးချေနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ KHQR သည် ကမ္ဘောဒီးယားတွင် လက်လီငွေပေးချေမှုများအတွက် ဖန်တီးထားသော နာမည်ကြီး QR ကုဒ်စနစ်တစ်ခုဖြစ်သည်။

အဆိုပါ ငွေပေးချေမှုစနစ်သုံးစွဲမှုသည် နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ခရီးသွားလာရေးကဏ္ဍနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကိုလည်း မြှင့်တင်ပေးသွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News