ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ်ကတည်းကလက်မှတ်ရေးထိုးခဲ့သည့် Philippines-Japan Economic Partnership Agreement (PJEPA) အား ပြန်လည်အသက်ဝင်ရေးညှိနှိုင်းသုံးသပ်သည့် လုပ်ငန်းစဉ်အား အမြန်ဆုံးနှင့်အချောမွေ့ဆုံးဖြစ်စေ ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများမှတာဝန်ရှိသူများ ကြားညှိနှိုင်းဆွေးနွေးရာတွင် ကုန်သွယ်မှုဆန်းစစ်ချက်အရ အကျိုးအမြတ်ဆိုင်ရာနှင့် မပြီးပြတ် သေးသည့်ကိစ္စရပ်များပါဝင်ပြီး ခြုံငုံစစ်ဆေးလျက်ရှိကြောင်း ၅-၁-၂၀၂၄ နေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ကုန်စည်အမယ်များ ထပ်တိုးတင်ပို့နိုင်ရန်မျှော်လင့်ပါကြောင်းနှင့် ထို့အတွက်လည်း နှစ်နိုင်ငံဆက်ဆံရေးအား အမြန်ဆုံး ပြန်လည်အသက်သွင်းရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဖော်ပြထားပါသည်။ ဖိလစ်ပိုင်နိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဂျပန်နိုင်ငံဈေးကွက်သို့တိုးမြှင့်တင်ပို့နိုင်ရန်နှင့် အကောက်ခွန်နှုန်းထားများ လျှော့ချပေးရန်၊ ဖြစ်နိုင်လျှင် ၀% အကောက်ခွန်နှုန်းဖြင့် တင်ပို့ခွင့်ရရှိရေးမျှော်လင့်ပါကြောင်း၊ သို့သော် အဆိုပါအချက်သည် နှစ်နှစ်နိုင်ငံကြားညှိနှိုင်းချက်အပေါ် မူတည်သွားမည်ဖြစ်ကြောင်း၊ ကုန်ချမည့်ဆိပ်ကမ်းနေရာ၊ အချိန်ကာလသတ်မှတ်ချက်၊ ပို့ကုန်ပစ္စည်းများပေါ်မူတည်ပြီး အခွန်နှုန်း ထားသည် ပြောင်းလဲသွားမည်ဖြစ်ပြီး အနည်းဆုံးသောနှုန်းထားဖြစ်စေရန်မျှော်လင့်ကြောင်း ဖော်ပြပါရှိပါသည်။
ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ အဓိကဦးစားပေးတင်ပို့လိုသည်မှာ ဌက်ပျောသီးနှင့် အခြားရာသီပေါ်သီးနှံများဖြစ်ပြီး ဈေးကွက်ချိတ်ဆက်မှုရလိုပါကြောင်း၊ စိုက်ပျိုးတင်ပို့လိုသူများမှလည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးချက်များအပေါ် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တင်ပြသည့်နေ့ထိ ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ရာသီပေါ်သီးနှံများတင်ပို့ခြင်းအတွက် အခွန်ပေးဆောင်နေရပြီး ဌက်ပျောသီးတင်ပို့မှုအတွက်ဆောင်းရာသီကာလတွင် ၁၈% နှင့်နွေရာသီကာလတွင် ၈ % ပေးဆောင်နေရပါသည်။
ဂျပန်နည်းတူ တောင်ကိုရီးယားနိုင်ငံမှလည်း ဖိလစ်ပိုင်နိုင်ငံသို့ မော်တော်ယာဉ်တင်သွင်းလိုသဖြင့် လတ်တလောတွင် လက်မှတ်ရေးထိုးခဲ့သည့် ဖိလစ်ပိုင်-ကိုရီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အရ ဂျပန်နိုင်ငံမှလည်း ဖိလစ်ပိုင်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့ခြင်းအတွက် အမြန်ဆုံးဆွေးနွေးညှိနှိုင်းလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
လက်ရှိတွင်ဖိလစ်ပိုင်နိုင်ငံတော်သို့ အင်ဂျင်ပါဝါ ၃၀၀၀ CC နှင့်အထက် မော်ဒယ်လ်မြင့် မော်တော်ယာဉ်တင်သွင်းခြင်းအတွက် အခွန် (၀%)ဖြစ်ပြီး အင်ဂျင်ပါဝါ ၃၀၀၀ CC နှင့်အထက် အခွန် (၂၀%) ဖြစ်ပါကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် e-commerce နှင့် Digital Trade တို့တွင် ပူးပေါင်းဆောင်ရွက်ရန်စိတ်ဝင်စားလျက်ရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများသည် နှစ်ဖက်အဖွဲ့အစည်းများ၏ အခြေအနေပေါ်တွင်မူတည်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့်အပေါ် တိကျရှင်းလင်းသောမူဝါဒများ ရှိထားပြီးဖြစ်ပြီး စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြပါရှိပါသည်။
EU GSP+
အီးယူနှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက်ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ပထမ (၃) လပတ်ကာလအတွင်း အတည်ပြုဆုံးဖြတ်နိုင်ရန် မျှော်မှန်းထားပါကြောင်း၊ သို့သော် အီးယူနှင့်လက်ရှိအခြားနိုင်ငံများကြား FTA များမှာ အစိုးရဝယ်ယူရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သာပါဝင်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ FTA များအပေါ် လွှမ်းခြုံနိုင်မှုမရှိပါကြောင်း၊ ဖိလစ်ပိုင်ဘက်မှ အဆိုပါအချက်အပေါ် အီးယူအနေဖြင့် ညှိနှိုင်းပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏လက်ရှိအခြေအနေနှင့်အခက်အခဲများကိုလည်း အီးယူထံသို့တင်ပြထားပြီးဖြစ်ပါ ကြောင်း ဖော်ပြထားပါသည်။
ဖိလစ်ပိုင်နှင့်အီးယူ FTA သည် ၂၀၁၅ ခုကစတင်ခဲ့ခြင်းဖြစ်ပြီး မူပိုင်ခွင့်ကိစ္စရပ်အပေါ် အငြင်းပွားမှုများရှိခဲ့သဖြင့်ခေတ္တဆိုင်းငံ့ခဲ့ရာမှ၃၁-၇-၂၀၂၃ ရက်နေ့တွင် သမ္မတမားကို့စ်နှင့်ဥရောပကော်မရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံရာမှ FTA အပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် အီးယူသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုန်စည်နှင့်ဝန်ဆောင်မှုများအပါအဝင် အီးယူမှစိတ်ပါဝင်စားသည့် ကုန်ပစ္စည်းများတင်ပို့ခြင်းအတွက် အခွန်ကင်းလွတ်ခွင့်(၀%)ရရှိလိုကြောင်း၊ အထူးသဖြင့် အီလက်ထရောနစ် မော်တော်ယာဉ်များနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကဏ္ဍများအတွက်ရလိုခြင်းဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။
၂၀၁၄ ခုနှစ်မှစတင်၍ ဖိလစ်ပိုင်နိုင်ငံသည် EU GSP+ Scheme အားသဘောတူညီခဲ့ပြီး အဆိုပါအစီအစဉ်အောက်မှကုန်စည်လိုင်း ၆,၀၀၀ ကျော်အတွက် ပို့ကုန်ခွန်ကင်းလွတ်ခွင့် ရရှိထား ပြီး ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် နောက်ထပ် (၄)နှစ်သက်တမ်းတိုးရရှိ ရန် ညှိနှိုင်းလျက်ရှိပါသည်။
US GSP+
US GSP+ Program နှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံရှိလုပ်ငန်းရှင်များနှင့် ပါဝင်သည့် အဖွဲ့အစည်းများမှ သဘောတူညီချက်အပေါ် ပြန်လည်ညှိနှိုင်းစေရန် လှုံဆော်အားပေးလျက်ရှိပြီး အဆိုပါ အစီအစဉ်အား ဆက်လက်အကောင်အထည်ဖော်နိုင်ပါက များစွာအကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၅.၄% ပါဝင်သည့် အကြီးဆုံး ပို့ကုန်ဈေးကွက်တစ်ခုဖြစ်ပါသည်။
ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး၏ ပြောကြားချက်အရ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီအနေဖြင့် ၎င်းတို့၏ အဓိကအရေးကြီးပုဂ္ဂိုလ်များထံမှ ထောက်ခံချက်များရရှိရန်လိုအပ်နေပါကြောင်း၊ အမေရိကန်နှင့် Bilateral FTA ဖြင့်ဆောင်ရွက် လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် upper middle country များအတွက် သတ်မှတ်ထားသည့် အမြင့်ဆုံးဂျီဒီပီတန်ဖိုးသို့ ရောက်ရှိနေသဖြင့် GSP+ Program အား ရရှိရန် အရည်အချင်းကိုက်ညီ ခြင်းမရှိနေပါကြောင်း ဖော်ပြထားပါသည်။
၂၀၁၆ ခုနှစ်၊ US GSP+ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းသည် ကုန်သွယ်မှုမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ စုစုပေါင်းကုန်စည် လိုင်း ၁၀,၆၀၀ ၏ ၄၇.၇% ဖြစ်သော ကုန်စည်လိုင်း ၅,၀၅၇ အတွက် အခွန်ကင်းလွတ်ခွင့်ရရှိခဲ့ပြီး ကုန်စည်လိုင်း ၃,၅၀၀ မှာ အကျိုးခံစားခွင့်ရရှိထားသည့် နိုင်ငံတိုင်းအတွက် အကျုံးဝင်ပြီး ကုန် စည်လိုင်း ၁,၅၀၀ အား ဝင်ငွေနည်းပါးသည့် နိုင်ငံများ (LDC) နိုင်ငံများအတွက် ထပ်မံထည့်သွင်း ပေးထားကြောင်း ဖော်ပြပါရှိပါသည်။
Source; https://mb.com.ph/2024/1/9/dti-pushing-fasttracking-of-pjepa-renewal
(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)