အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေးအချက်အလက်များကို ၉-၁-၂၀၂၄ ရက်နေ့ စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) ၏ ဝက်ဘ်ဆိုက်တွင် “U.S International Trade in Goods and Services, November 2024” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ဖော်ပြထားရှိပါသည်။
အဆိုပါထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၆၃.၂) ဘီလီယံရှိပြီး အောက်တိုဘာလတွင် ကုန်သွယ်မှုလိုငွေအမေရိကန်ဒေါ်လာ (၆၄.၅) ဘီလီယံရှိသဖြင့် (အောက်တိုဘာလကုန်သွယ်မှု လိုငွေ (၆၄.၃) ဘီလီယံရှိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ပြင်ဆင်ပြီးအမှန်ပမာဏမှာ အမေရိကန် ဒေါ်လာ (၆၄.၅) ဘီလီယံဖြစ်ပါသည်။) နိုဝင်ဘာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ (၂၅၃.၇) ဘီလီယံနှင့် သွင်းကုန်တန်ဖိုး ပမာဏမှာ အမေရိကန် ဒေါ်လာ (၃၁၆.၉) ဘီလီယံရှိသဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၆၃.၂) ဘီလီယံရှိပါသည်။
အမေရိကန်နိုင်ငံ၏ နိုဝင်ဘာလအတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၅၃.၇) ဘီလီယံရှိပြီး အောက်တိုဘာလ ပို့ကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ (၄.၈) ဘီလီယံလျော့နည်းတင်ပို့ခဲ့ပြီး၊ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၃၁၆.၉)ဘီလီယံရှိသဖြင့် အောက်တိုဘာလ၏ သွင်းကုန် တန်ဖိုးအောက် အမေရိကန်ဒေါ်လာ (၆.၁) ဘီလီယံ လျော့နည်းတင်သွင်းခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေနှင့်ပတ်သက်၍ ကုန်စည်ကုန်သွယ်မှု ကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၀.၆) ဘီလီယံမှ (၈၉.၄) ဘီလီယံအထိလျော့ကျခဲ့သော်လည်း ဝန်ဆောင်မှုကဏ္ဍတွင် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၀.၇) ဘီလီယံမှ (၂၆.၂) ဘီလီယံအထိတိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်မှုလိုငွေသည် အမေရိကန်ဒေါ်လာ (၁၆၁.၈) ဘီလီယံ၊ (၁၈.၄) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈.၈) ဘီလီယံ၊ (၁) ရာခိုင်နှုန်း တိုးလာခဲ့ကာ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၃) ဘီလီယံ၊ (၃.၆) ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း တွေ့ရှိရပါသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုစာရင်းများအရပြည်ပကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုပိုငွေပြခဲ့သည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| 
			 စဉ်  | 
			
			 နိုင်ငံ/ ဒေသအမည်  | 
			
			 ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်)  | 
		
| 
			 (က)  | 
			
			 တောင်နှင့်ဗဟိုအမေရိကနိုင်ငံများ  | 
			
			 ၄.၁  | 
		
| 
			 (ခ)  | 
			
			 နယ်သာလန်  | 
			
			 ၃.၀  | 
		
| 
			 (ဂ)  | 
			
			 ဟောင်ကောင်  | 
			
			 ၁.၈  | 
		
| 
			 (ဃ)  | 
			
			 ဩစတြေးလျ  | 
			
			 ၁.၄  | 
		
| 
			 (င)  | 
			
			 ဗြိတိန်  | 
			
			 ၀.၆  | 
		
| 
			 (စ)  | 
			
			 စင်ကာပူ  | 
			
			 ၀.၄  | 
		
| 
			 (ဆ)  | 
			
			 ဘယ်လ်ဂျီယံ  | 
			
			 ၀.၂  | 
		
| 
			 (ဇ)  | 
			
			 ဘရာဇီးလ်  | 
			
			 ၀.၁  | 
		
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြခဲ့ သည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| 
			 စဉ်  | 
			
			 နိုင်ငံ/ ဒေသအမည်  | 
			
			 ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်)  | 
		
| 
			 (က)  | 
			
			 တရုတ်  | 
			
			 ၂၁.၅  | 
		
| 
			 (ခ)  | 
			
			 ဥရောပသမဂ္ဂ  | 
			
			 ၁၅.၆  | 
		
| 
			 (ဂ)  | 
			
			 မက္ကဆီကို  | 
			
			 ၁၃.၈  | 
		
| 
			 (ဃ)  | 
			
			 ဗီယက်နမ်  | 
			
			 ၉.၇  | 
		
| 
			 (င)  | 
			
			 ကနေဒါ  | 
			
			 ၇.၈  | 
		
| 
			 (စ)  | 
			
			 ဂျပန်  | 
			
			 ၇.၁  | 
		
| 
			 (ဆ)  | 
			
			 ဂျာမနီ  | 
			
			 ၅.၆  | 
		
| 
			 (ဇ)  | 
			
			 ထိုင်ဝမ်  | 
			
			 ၄.၆  | 
		
| 
			 (ဈ)  | 
			
			 အိုင်ယာလန်  | 
			
			 ၄.၄  | 
		
| 
			 (ည)  | 
			
			 အိန္ဒိယ  | 
			
			 ၄.၀  | 
		
| 
			 (ဋ)  | 
			
			 အီတလီ  | 
			
			 ၃.၆  | 
		
| 
			 (ဌ)  | 
			
			 တောင်ကိုရီးယား  | 
			
			 ၃.၅  | 
		
| 
			 (ဍ)  | 
			
			 ဆွစ်ဇာလန်  | 
			
			 ၂.၃  | 
		
| 
			 (ဎ)  | 
			
			 မလေးရှား  | 
			
			 ၁.၇  | 
		
| 
			 (ဏ)  | 
			
			 ပြင်သစ်  | 
			
			 ၀.၆  | 
		
| 
			 (တ)  | 
			
			 အစ္စရေး  | 
			
			 ၀.၄  | 
		
| 
			 (ထ)  | 
			
			 ဆော်ဒီအာရေဗျ  | 
			
			 ၀.၁  | 
		
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုပို့ကုန်များတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ (Industrial Supplies and materials)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၃.၆) ဘီလီယံ၊ မော်တော်ယာဉ်၊ မော်တော်ယာဉ်အစိတ်အပိုင်းများနှင့်စက်ပစ္စည်းများ (Automotive vehicles, parts and engines)ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၀.၈) ဘီလီယံနှင့် လူသုံးကုန် ပစ္စည်းများ (Consumer goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၀.၅) ဘီလီယံ အသီးသီးပို့ကုန် တန်ဖိုးကျဆင်းခဲ့ပြီး ဝန်ဆောင်မှု ကုန်သွယ်ရေးဖြစ်သည့် ခရီးသွား(Travel) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၀.၂) ဘီလီယံ၊ အခြား စီးပွားရေးလုပ်ငန်းများဝန်ဆောင်မှု (Other business services) ကဏ္ဍတွင် အမေရိကန် ဒေါ်လာ (၀.၁) ဘီလီယံ၊ ပို့ဆောင်ရေး (Transport) ကဏ္ဍ၌ အမေရိကန် ဒေါ်လာ (၀.၁) ဘီလီယံ နှင့် အစိုးရ၏ ကုန်စည်နှင့်ဝန်ဆောင်မှုကဏ္ဍ (Government goods and services) ကဏ္ဍတွင် အမေရိကန်ဒေါ်လာ (၀.၁) ဘီလီယံ နှင့် အသီးသီးတိုးလာခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းကုန်စည်နှင့်ဝန်ဆောင်မှုသွင်းကုန်များတွင် လူသုံးကုန်ပစ္စည်းများ (Consumer goods)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၄.၁) ဘီလီယံ၊ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများ (Industrial Supplies and materials)ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၀.၈) ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (Capital goods) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ(၀.၇) ဘီလီယံ အသီးသီးကျဆင်းခဲ့ပါသည်။ ဝန်ဆောင်မှုကုန်သွယ်ရေးဖြစ်သည့် ပို့ဆောင်ရေး (Transport) ကဏ္ဍ၌ အမေရိကန်ဒေါ်လာ (၀.၅) ဘီလီယံကျဆင်းခဲ့ပြီး ခရီးသွားလာရေး (Travel) ကဏ္ဍတွင် အမေရိကန် ဒေါ်လာ(၀.၃) ဘီလီယံ တိုးမြှင့်တင်သွင်းခဲ့ပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)