Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံပွဲကျင်းပခြင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ နေပြည်တော်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများ၊ WTO သံမှူးတို့နှင့် တွေ့ဆုံပွဲကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့  နေ့လည် (၁၃:၀၀)နာရီ အချိန်တွင်  စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁) ၌ ကျင်းပခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူးများက  Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက စီးပွားရေးသံမှူးများအား သက်ဆိုင်ရာနိုင်ငံများတွင် မြန်မာနိုင်ငံ၏ထုတ်ကုန်များ   ဈေးကွက်ဝင်ရောက်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာအောင် မြှင့်တင်ဆောင်ရွက်ပေးရန်နှင့် နှစ်နိုင်ငံဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန်၊ သက်ဆိုင်ရာနိုင်ငံရှိ အစိုးရအဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆက်စပ်အဖွဲ့အစည်းများ၊ အကောက်ခွန်ဌာနများနှင့် ထိတွေ့ချိတ်ဆက်မှုများရအောင် networking တည်ထောင်ရန်၊ မိမိနိုင်ငံနှင့် လုပ်ငန်းရှင်များအတွက် အကျိုးရှိမည့် သတင်းအချက်အလက်များ၊ ကုန်ဈေးနှုန်းသတင်းအချက်အလက်များ ပေးပို့သွားရန်၊ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်ချိတ်ဆက်ရှာပေးရန်တို့နှင့် စပ်လျဉ်းပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် အွန်လိုင်းမှ တက်ရောက်လာသော စီးပွားရေးသံမှူးများမှ လုပ်ငန်းဆောင်မှုအခြေအနေနှင့် အခက်အခဲများအား တင်ပြခဲ့ကြပြီး  စီးပွားရေးသံမှူးများ၏ တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

Category: Local News